ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။

ချဲလ်ဆီးနဲ့ ကစားမယ့် ဒီနေ့ည ပရီးမီးယားလိဂ်ပွဲကျပ်မတိုင်ခင်မှာ ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းအနေနဲ့ ကောင်းမွန်တဲ့ လားရာတစ်ခုမှာ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမှတ်ပေးဇယား ထိပ်ပိုင်းနဲ့ သိပ်မဝေးသေးကြောင်းလည်း တန်ဟက်ခ်က ပြောကြားခဲ့ပါတယ်။



ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံနှစ်ပွဲဆက်တိုက်မှာ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့် တက်ရောက်ဖို့ ခက်ခဲသွားပါပြီ။ ဒီနေ့ညမှာလည်း ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲကျပ်အဖြစ် အိမ်ကွင်းမှာ ဧည့်ခံကစားရဦးမှာပါ။
ဒီပွဲမတိုင်ခင်မှာ တန်ဟက်ခ်က “ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ကျွန်တော်တို့က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နှစ်ခု၊ ဆိုးရွားတဲ့ စွမ်းဆောင်ရည် တစ်ခုကို ပြသခဲ့ပါတယ်။ ကျွန်တော့်အထင် အသင်းက ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဂါလာတာစာရေး၊ အဲဗာတန်တို့နဲ့ပွဲမှာ ပုံစံကောင်းပြပြီး ဂိုးတွေလည်း သွင်းနိုင်ခဲ့ပါတယ်”
“နယူးကာဆယ်နဲ့ပွဲမှာတော့ ကျွန်တော်တို့ ပုံစံကောင်းမပြနိုင်ခဲ့ဘဲ ဒီအတွက် မပျော်ရွှင်နိုင်ပါဘူး။ ပွဲပြီးခါနီးမှာ ကောင်းမွန်တဲ့ အခွင့်အရေးနှစ်ကြိမ်ရရှိခဲ့ပြီး ကျွန်တော်တို့ တစ်မှတ်ရလိုက်သင့်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဇယားမှာ ရပ်တည်မှု ကျဆင်းသွားတာ မှန်ပါတယ်။ ဒါပေမယ့် ထိပ်ပိုင်းနဲ့ သိပ်မဝေးသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာမှာ ရပ်တည်လျက်ရှိနေပြီး အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ရမှတ် (၈) မှတ်ကွာဟနေပါတယ်။ ဒါ့အပြင် အဆင့် (၄) က ဗီလာနဲ့လည်း ရမှတ် (၅) မှတ် ကွာဟလျက်ရှိနေပါတယ်။

Share

Loading Next Article...
က္က