လီဗာပူးနဲ့ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ သူ့ရဲ့ နည်းပြရာထူးအတွက် စိုးရိမ်နေတာမျိုး မရှိဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မတည်ငြိမ်တဲ့ ရလဒ်တွေနဲ့ ရုန်းကန်နေရတဲ့ အသင်းတစ်သင်းပါ။



ချန်ပီယံလိဂ်မှာလည်း အုပ်စု နောက်ဆုံးကနေ ထွက်ခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက်ကို အိမ်ကွင်းမှာတင် သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း တန်ဟက်ခ် အထုတ်ခံရနိုင်တယ်လို့ သတင်းထွက်ပေါ်နေတာပါ။

ယူနိုက်တက်ဟာ ရက်ကလစ်ဖ်သာ အသင်းရဲ့ အားကစားပိုင်းကို စတင်တာဝန်ယူရင် တန်ဟက်ခ်ကို နည်းပြအဖြစ်က ထုတ်ပယ်နိုင်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါ့အပြင် တန်ဟက်ခ်နေရာကို အစားထိုးဖို့ နည်းပြလေးယောက်ကိုလည်း လျာထားစာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရှိရပါတယ်။
ဒါပေမယ့် တန်ဟက်ခ်ကတော့ “အနာဂတ်နဲ့ပတ်သက်လို့ ဘာမှစိုးရိမ်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ယူနိုက်တက်မှာ နိုင်ပွဲတွေယူပေးဖို့၊ အသင်းကစားပုံ ပိုကောင်းလာအောင် လုပ်ပေးဖို့ ရောက်နေတာပါ။ အသင်းက တည်ငြိမ်မှု ပျောက်ဆုံးနေပါတယ်။ ကျွန်တော် အသင်းနဲ့ အချိန်များများအလုပ်လုပ်ပေးပြီး လိုချင်တဲ့ အဆင့်တစ်ခုရောက်အောင် လုပ်ရပါမယ်”
“တောင်းဆိုမှုတွေရဲ့အဝေးကို ကျွန်တော် ထွက်ပြေးနေမှာ မဟုတ်ပါဘူး။ လက်ရှိအစုအဖွဲ့က ပွဲတိုင်းကို အနိုင်ရဖို့ လုံလောက်တဲ့ အရည်အချင်းရှိပါတယ်။ အသင်းလိုက်ကစားပုံနဲ့ တစ်ဦးချင်းကစားပုံ တိုးတက်လာဖို့ကိုပဲ ကျွန်တော် အာရုံစိုက်ထားပြီး ဒါကပဲ ကျွန်တော့်အတွက် စိုးရိမ်ရမယ့် ကိစ္စတွေပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က