ပရီးမီးယားလိဂ်ရဲ့ နည်းပြဟောင်းကြီး ဆောင်းနက်စ်က လီဗာပူးနဲ့ ယူနိုက်တက်ပွဲအပြီးမှာ ပြောဆိုခဲ့တဲ့မှတ်ချက်ကြောင့် ဗန်ဒိုက်ချ်ဝေဖန်ခံနေရတဲ့အပေါ် ကာကွယ်ပေးခဲ့ပါတယ်။ အဆိုပါပွဲမှာဂိုးမရှိသရေကျခဲ့တာပါ။
လီဗာပူးက ဒီပွဲမှာ တစ်ပွဲလုံး အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဂိုးသမား အိုနာနာနဲ့ နောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိတာကြောင့် အန်ဖီးလ်မှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတာပါ။
ပွဲအပြီးမှာ ဗန်ဒိုက်ချ်က ယူနိုက်တက် ကစားသမားတွေက ဒီပွဲကို သရေတစ်မှတ်အတွက်ပဲ ဦးတည် ကစားခဲ့ကြတယ်လို့ ဝေဖန်ခဲ့ပါတယ်။ဒါ့အပြင် အဝတ်လဲခန်းထဲသွားရာ ဥမင်လိုဏ်ခေါင်းမှာလည်း အိုနာနာကို အချိန်ဆွဲကစားခဲ့တယ်လို့ စွပ်စွဲခဲ့ပါသေးတယ်။
ဗန်ဒိုက်ချ်ရဲ့ ပွဲပြီးပြောစကားတွေကို ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သလို ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကလည်း ပြန်လည် ကာကွယ်ခဲ့ပါတယ်။ ဆောင်းနက်စ်ကလည်း ဗန်ဒိုက်ချ်နဲ့ ပတ်သက်လို့ အခုလိုမျိုး ကာကွယ်လာခဲ့ပါတယ်။
ဆောင်းနက်စ်က “ဗန်ဒိုက်ချ်က ဒါမျိုးတွေနဲ့ အသားကျဖို့ လိုအပ်ပါတယ်။ သူက စကားလုံးရွေးချယ်တဲ့အခါမှာ အခုထက် ပိုမိုကောင်းမွန်တဲ့ စကားလုံးတွေကို ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် သူပြောတာရော မမှန်လို့လား။ မှန်တယ်မဟုတ်လား” လို့ ပြောကြားသွားခဲ့ပါတယ်။