ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းက ပွဲကို လွှမ်းမိုးနိုင်ခဲ့ကြောင်း၊ ဒါပေမယ့် ဂိုးသွင်းနိုင်စွမ်းမရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဝက်စ်ဟမ်းကွင်းမှာ ယူနိုက်တက်တို့ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။



ဝက်စ်ဟမ်းအတွက် အဖွင့်ဂိုးကို နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ဘိုဝင်၊ အနိုင်သေချာစေမယ့် သွင်းဂိုးကို ကူဒက်စ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နှစ်ဂိုးစလုံးကိုတော့ ကွင်းလယ်လူ ပါကွေတာက အကောင်းဆုံး ဖန်တီးပေးသွားနိုင်ခဲ့တာပါ။
ယူနိုက်တက်အတွက် နောက်ဆုံး (၇) ပွဲမှာ ချဲလ်ဆီးနဲ့ တစ်ပွဲတည်းသာ အနိုင်ရရှိခဲ့ပြီး ဆက်တိုက်ကို နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ တန်ဟက်ခ်က “ကျွန်တော်တို့ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။​ ပထမဂိုး မပေးရခင်အချိန်မှာ ဝက်စ်ဟမ်းကို ဘာအခွင့်အရေးမှ မပေးခဲ့ပါဘူး”
“ဒါပေမယ့် ပထမဂိုးက တကယ်ကို အဓိပ္ပာယ်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကောင်း (၃) ကြိမ်ရခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ တစ်ဂိုးပေးလိုက်ရတဲ့အချိန်မှာတော့ အသင်းကို ဆွဲချသွားပြီး ရှုံးပါရှုံးနိမ့်သွားခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေရှိပါတယ်။ ဒါကိုလည်း အတိတ်မှာ သူတို့ သက်သေပြပြီးသားပါ”
“ဒါပေမယ့် အသင်းလိုက်စွမ်းဆောင်ရည်မကောင်းခဲ့တာကို ကျွန်တော်တို့ နားလည်ရမှာဖြစ်ပြီး ဒီအတွက် တာဝန်ယူရပါမယ်။ ဘောလုံးပွဲဆိုတာကတော့ အနိုင်ရဖို့၊ ဂိုးတွေသွင်းဖို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။  

Share

Loading Next Article...
က္က