တန်ဟက်ခ်လည်း အထုတ်ခံရဖွယ်ရှိနေပါတယ်။

ယူနိုက်တက်ရဲ့ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူပြီး အသင်းရဲ့ ဘောလုံးဆိုင်ရာ ကိစ္စရပ်တွေကို စီမံခန့်ခွဲတော့မယ့် ရက်ကလစ်ဖ်က အသင်းက ကစားသမား (၇)​ ယောက်အထိကို ရှင်းထုတ်ဖွယ်ရှိကြောင်း သိရှိရပါတယ်။ ရက်ကလစ်ဖ်ဟာ ပေါင် (၁.၂၅) ဘီလျံနဲ့ အဆိုပါ ရှယ်ယာတွေကို ဝယ်ယူခဲ့တာပါ။



ရက်ကလစ်ဖ် ရောက်ရှိလာပြီးနောက် ယူနိုက်တက်အတွက် ဒေါ်လာ သန်း (၃၀၀) ရင်းနှီးမြှုပ်နှံ သုံးစွဲမှာဖြစ်ပါတယ်။ ဒီအထဲမှာ အိုးထရက်ဖို့ဒ်ကွင်းမှာ ထိုင်ခုံတွေ ထပ်မံတိုးချဲ့ဖို့၊ လေ့ကျင့်ရေးကွင်းကို အဆင့်မြှင့်တင်ဖို့ အစရှိတဲ့ ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် အသင်းက ကစားသမားအင်အားကိုလည်း ရက်ကလစ်ဖ်က ကြီးကြီးမားမား အပြောင်းအလဲ လုပ်ဖွယ်ရှိပါတယ်။ ရက်ကလစ်ဖ်ဟာ ဆန်ချို၊ ကက်စ်မဲရိုး၊ အန်တိုနီ၊ ဗာရန်း၊ မက်ဂွိုင်းရား၊ အိုနာနာ၊ ဘရူနိုဖာနန်ဒက်စ်တို့ကို ရောင်းထုတ်သွားဖို့ အစီအစဉ်ရှိနေတယ်လို့ သိရှိရပါတယ်။
ဒီအထဲမှာ ဆန်ချိုနဲ့ ဗာရန်းတို့ကတော့ နည်းပြတန်ဟက်ခ်နဲ့ အဆင်မပြေဖြစ်နေတယ်လို့ သတင်းထွက်နေတဲ့ ကစားသမားတွေပါ။ ကက်စ်မဲရိုးကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး မက်ဂွိုင်းရားကလည်း ပုံမှန်ခြေစွမ်းပြနေသည့်တိုင် ရက်ကလစ်ဖ် အကြိုက်တွေ့တဲ့ ကစားသမားတော့ မဟုတ်ပါဘူး။
အိုနာနာကတော့ တန်ဟက်ခ်ရဲ့ လူရင်းတပည့်ဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီကမှ အင်တာမီလန်ကနေ ခေါ်ယူထားတာပါ။ ဘရူနိုဖာနန်ဒက်စ်ကလည်း လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းခေါင်းဆောင်ဖြစ်နေပြီး ရလဒ်တွေ ဆက်လက်ဆိုးရွားနေမယ်ဆိုရင် တန်ဟက်ခ်လည်း အထုတ်ခံရနိုင်ခြေရှိကြောင်း သတင်းထွက်ပေါ်နေပါတယ်။

Share

Loading Next Article...
က္က