မန်စီးတီး တိုက်စစ်ကစားသမား ဂရီလစ်ရှ်ဟာ လေ့ကျင့်ရေးအစီအစဉ်တစ်ခုအတွင်း အသင်းဖော်တွေရှေ့မှာ ဒိုက်ထိုးပြီး အပြစ်ပေးခံခဲ့ရကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ဂွါဒီယိုလာလက်ထက်မှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူပါ။
သူ့အနေနဲ့ မန်စီးတီးရဲ့ တိုက်စစ်ပိုင်းမှာ လက်ရှိအချိန်အထိ ပုံမှန်နေရာရရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဂရီလစ်ရှ်နဲ့ ပတ်သက်လို့ ပရိသတ်တွေက သဘောကျပေမယ့် ဒိုကူရောက်လာချိန်မှာ သူ့ရဲ့ပုံမှန်တစ်နေရာက စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။
ဒိုကူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူပါ။ အသင်းကို ရောက်ရှိလာချိန်မှာ ဒီကစားသမားက ထိရောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့သလို ခြေစွမ်းမပြသနိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ဂရီလစ်ရှ်ရဲ့ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာက ဒိုကူကြောင့် စိုးရိမ်စရာဖြစ်လာခဲ့ပြီး လေ့ကျင့်ရေးကွင်းမှာလည်း အပြစ်ပေးခံခဲ့ရပါသေးတယ်။ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုအတွင်း ဂရီလစ်ရှ်က ဘောလုံးကို လက်နဲ့ ဘယ်။ ညာ နှစ်ဖက် ပစ်ပေးရတဲ့အချိန်မှာ အမှားအယွင်း ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ဂွါဒီယိုလာက သူ့ရဲ့တပည့်ကျော် ဂရီလစ်ရှ်ကို ပြစ်ဒဏ်ပေးခဲ့တာဖြစ်ပြီး ဂရီလစ်ရှ်ကလည်း အသင်းဖော်တွေရှေ့မှာ ဒိုက်ထိုးကာ အပြစ်ဒဏ် ခံယူခဲ့ရပါတယ်။ ဂရီလစ်ရှ်ဟာ ဗီလာကနေ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ သူ့ရဲ့ ပြောင်းရွှေ့ကြေး၊ ခြေစွမ်းနဲ့ ပတ်သက်လို့ ဝေဖန်ခံနေရဆဲပါ။