ဒီပွဲမှာ ဗီနီရှပ်စ်က ပြဿနာဖြစ်ပွားခဲ့သေးတာပါ။

ဘာစီလိုနာ တိုက်စစ်ကစားသမား ဖာရန်တောရက်စ်ဟာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ် ဒုတိယပိုင်းမှာ ဗီနီရှပ်စ်ကို ဖြတ်ရိုက်ဖို့ စိတ်ကူးရှိခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။



အဆိုပါပွဲမှာ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာနဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲ (၉) ပွဲမှာ (၇) ပွဲအထိ နိုင်ပွဲရရှိခဲ့တဲ့ စံချိန်ကို မှတ်တမ်းနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘာစီလိုနာအတွက် အိပ်မက်ဆိုးတစ်ခုလို ဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် ဘာစီလိုနာပရိသတ်တွေဟာ ဗီနီရှပ်စ်ကို မျက်မုန်းကျိုးခဲ့ပြီး ဒီကစားသမားကို လှောင်ပြောင်ဖို့ စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ကစားချိန်မှာတော့ ဗီနီရပ်စ်ကို ဘာစီလိုနာနောက်ခံလူ အရူဂျိုနဲ့ ဘာစီလိုနာ နောက်ခံလူတွေကို လှောင်ပြောင်သွားခဲ့ပါတယ်။



ဘာစီလိုနာ တိုက်စစ်ကစားသမား ဖာရန်တောရက်စ်က “သူ တစ်ခုခုပြောပြီဆိုတာနဲ့ ငါ သူ့ကို တကယ် တစ်ခုခုလုပ်တော့မှာ။ ငါကျိန်ပြောဆိုပြောရဲပါတယ်” “ဒီသောက်တလွဲကောင်က ငါ့ကို တစ်ခုခု ပြောပြီဆိုတာနဲ့ ငါ ဒီကောင့်ကို တကယ်ရိုက်ချိုးတော့မှာ” လို့ အရန်ခုံတန်းဘေးမှာရှိတဲ့ ပီဒရီကို ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုးတွေဖြစ်ခဲ့တဲ့အပေါ်မှာလည်း ဗီနီရှပ်စ်က သူ့ကို ပစ်မှတ်ထားခဲ့ကြကြောင်းနဲ့ မီဒီယာတွေကိုယ်တိုင်က ဒါမျိုးအနေအထားကို လိုချင်ခဲ့တာဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က