ရေခဲမုန့်ကြိုက်သူတွေအတွက် လက်ဆတ်တဲ့နို့အရသာကိုအခြေခံထုတ်လုပ်ထားပြီး ရေခဲသားအိအိလေးနဲ့ စားကောင်းလှတဲ့ရေခဲမုန့်ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဆိုင်လေးကတော့ ရန်ကုန်မှာဆိုင်ခွဲဖွင့် နိုင်ဖို့ကြိုးစားနေတဲ့ ရေနံချောင်းမြို့ကရေခဲမုန့်ဆိုင်လေးပါ။
တစ်ရက်(၁၀)သိန်းဖိုးရောင်းရတဲ့ ရေနံချောင်းရေခဲမုန့်
အွန်လိုင်းကနေ ရောင်းချရင်း ရန်ကုန်စားသုံးသူတွေရဲ့ နှစ်သက်အားပေးမှုကိုရရှိလာတဲ့ ဒီရေခဲမုန့်လေးကတော့ ရေနံချောင်းမြို့ရဲ့ နာမည်ရ ရေခဲမုန့်ထဲမှာပါ၀င်တဲ့ လမင်းအိမ်ရေခဲမုန့်ပဲဖြစ်ပါတယ်။အွန်လိုင်းရေခဲမုန့်ဆိုင်လေး အဖြစ်ရောင်းချတာတစ်လဝန်းကျင်ပဲရှိသေးပေမယ့် တစ်ရက်ကို (၁၀) သိန်းဖိုးလောက်ရောင်းရတဲ့အထိ စားသုံးသူတွေရဲ့အားပေးမှုကိုရရှိနေ တဲ့ဆိုင်လေးပါ။
“အစ်မတို့လမင်းအိမ်ရေခဲမုန့်ဆိုင်လေးကရေနံချောင်းမြို့မှာဖွင့်တာတော့ ၁၀နှစ်နီးပါးလောက်ရှိပြီ။ အခုကရန်ကုန်မှာ ဆိုင်ခွဲဖွင့်ဖို့ကြိုးစားနေတာပေါ့။ စစချင်းကရန်ကုန်ဆိုင်ခွဲကို ဆိုင်ခန်းနဲ့ဖွင့်ဖို့ကြိုးစားသေးတယ်။ ဆိုင်ခန်းဌားခနဲ့ ကုန်ကျစရိတ်ကများတော့ အွန်လိုင်းကနေပဲအော်ဒါကောက်ပြီးရောင်းရင်းနဲ့ စားသုံးသူတွေက တစ်ဆင့်စကားနဲ့ ညွှန်းကြရင်း ရောင်းအားတတ်လာတာပေါ့။ရန်ကုန်မှာအွန်လိုင်းကနေရောင်းတာ တစ်လ လောက်ပဲရှိသေးတယ်။”လို့ လမင်းအိမ်ရန်ကုန်ဆိုင်ခွဲရဲ့ ပိုင်ရှင် မနှင်းဝေဦးကပြောပါတယ်။
ရန်ကုန်ဆိုင်ခန်းစျေးကြောင့် အွန်လိုင်းဆိုင်အဖြစ်ပြောင်းဖွင့်
ကိုယ့်ရဲ့မုန့်အရသာကိုယုံကြည်စိတ်နဲ့သာရန်ကုန်စျေးကွက်ကို၀င်ရောက်နိုင်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး ရန်ကုန်မှာ လုပ်ငန်းရပ်တည်နိုင်ဖို့အတွက် အစပိုင်းမှာအခက်ခဲဆုံးရှုံးမှုတွေလည်းရှိခဲ့တယ်လို့ မနှင်းဦးဝေကဆိုပါတယ်။ ဒါ့ပေမယ့်လည်း စားသုံးသူတွေရဲ့လက်ခံအားပေးမှုကိုရရှိလာတဲ့အတွက် ရန်ကုန်မှာဆက်လက်ပြီး လုပ်ငန်းချဲ့ ထွင်ဖို့ခွန်အားဖြစ်စေတယ်လို့ သူကပြောပါတယ်။
“ရန်ကုန်မှာဆိုင်ခွဲဖွင့်ဖို့ စီစဥ်ဖြစ်တာက ကိုယ့်ရဲ့ ရေခဲမုန့်နဲ့ကူဖီးလ်အရသာကို ယုံကြည်တယ်။ ရန်ကုန်စားသုံး သူတွေကိုလည်း ကိုယ့်ရေခဲမုန့်လေးကိုစားကြည့်စေချင်တယ်။ အဲ့ဒါကြောင့်ပဲဖွင့်ဖြစ်ခဲ့တာပါ။စဖွင့်ကာစက တောင်ဥက္ကလာမှာဆိုင်ခန်းနဲ့ဖွင့်ကြည့်သေးတယ်။ဆိုင်ခန်းခနဲ့ကုန်ကျစရိတ်ကများတဲ့အခါကြဆက်မဖွင့်နိုင်တော့ပဲ နားလိုက်တာ။အဲ့ကနေမှအိမ်မှာပဲတစ်နိုင်တပိုင်လုပ်ပြီး အွန်လိုင်းကနေပြန်ရောင်းတဲ့အချိန်မှာ မှာစားကြရင်းနဲ့ ကြိုက်ကြပြီး အော်ဒါတွေအများကြီးတတ်လာတာပါ”လို့ မနှင်းဦးဝေက လုပ်ငန်းရပ်တည်နိုင်ဖို့ အားထုတ်ရပုံကို ပြောပြပါတယ်။
နွားမွေးမြူရေးခြံကနေကွာလတီအကောင်းဆုံးနို့နဲ့ထုတ်တဲ့ရေခဲမုန့်
ဆိုင်မှာရောင်းတဲ့ရေခဲမုန့်နဲ့ကူဖီးလ်တွေအတွက် အရည်အသွေးကောင်းမွန်တဲ့နွားနို့ကိုမွေးမြူရေးခြံတွေကနေ တိုက်ရိုက်မှာယူ အသုံးပြုပြီးထုတ်လုပ်တာဖြစ်ပါတယ်။နွားရဲ့အစာ၊ရာသီဥတုပေါ်မူတည်ပြီးနို့အရည်အသွေး ကွာခြားတတ်တာကြောင့် နွားခြံတွေနဲ့ချိတ်ဆက်ပြီး အရည်သွေးပြည့်ဝတဲ့နွားနို့ရဖို့ ဂရုတစိုက်မှာယူသုံးစွဲတယ်လို့ ဆိုပါတယ်။
“အစ်မတို့ရေခဲမုန့်နဲ့ကူဖီးလ်က နွားနို့ကိုအဓိကထားပြီးထုတ်လုပ်တာဆိုတော့ နို့ရဲ့အရည်အသွေးကိုအရမ်း ဂရုစိုက်ရတယ်။နို့အရည်အသွေးကျတာနဲ့ မုန့်အရသာကပြောင်းသွားမှာဆိုတော့ နို့ခြံတွေကနေပဲ တိုက်ရိုက်မှာယူ သုံးစွဲတယ်။တစ်ခါတစ်လေနွားကိုကျွေးတဲ့အစာပြောင်းတာတို့၊ရာသီဥတုပူတဲ့အခါတို့ဆို ထွက်လာတဲ့နွားနို့က ကွာလတီပြောင်းတတ်တော့ အဲ့လိုအခါမျိုးကြရင်နို့ခြံတွေကိုပြောပြတယ်။အဲ့ကျရင်သူတို့ကကွာလတီ ပြန်ထိန်းပေးတယ်။အဲဒီလိုအသေးစိတ်ဂရုစိုက်ပြီးထုတ်လုပ်ထားတာပါ။”လို့ မနှင်းဦးဝေကပြောပါတယ်။
ဒူးရင်းသီးကြိုက်သူတွေလက်မလွှတ်ချင်မယ့်အရသာ
လမင်းအိမ်ရဲ့ဒူးရင်းကူဖီးလ်နဲ့ဒူးရင်းရေခဲမုန့်ကတော့ ဒူးရင်းသီးကြိုက်သူတွေလက်မလွှတ်ချင်မယ့်အရသာပါ။ နွားနို့ကိုမလိုင်ကျကျကြိုထားပြီး ဒူးရင်းသီးအစစ်နဲ့ပေါင်းစပ်ထားတဲ့ဒူးရင်းကူဖီးလ်ရဲ့အရသာကတော့ ချိုအီအီကြီးမဟုတ်ပဲ ချိုမွှေးမွှေးလေးနဲ့စားကောင်းလှပါတယ်။
လမင်းအိမ်မှာရနိုင်တဲ့အရသာတွေက
နို့၊စတော်ဘယ်ရီ၊ချောကလက်၊အုန်းစိမ်း၊သီးစုံ၊ သစ်ခွ၊ပိန်းဥစတဲ့ရေခဲမုန့်အရသာတွေလည်းရရှိနိုင်ပါတယ်။ စျေးနှုန်းတွေကတော့ ရေခဲမုန့်တစ်ဗူး ၁၂၀၀ကျပ်၊ ၁၃ယောက် စားနိုင်တဲ့miniရေခဲမုန့်ပုံးလေးက အမျိုးအစားလိုက် ၁၂၀၀၀၊၁၃၅၀၀ကျပ်ဖြစ်ပြီး ဒူးရင်းသီး ရေခဲမုန့်ကတော့ ၁၉၅၀၀ကျပ်ဖြစ်ပါတယ်။
ရေခဲမုန့်မှာယူဖို့ဆက်သွယ်ရမယ့်လိပ်စာက
လမင်းအိမ်ရေခဲမုန့်ကိုမှာယူချင်တယ်ဆိုရင်တော့ လမင်းအိမ် ရေခဲမုန့်ရဲ့Page ကနေမှာယူနိုင်သလို ဖုန်းနံပါတ်095130510ကိုလည်းဆက်သွယ်မှာယူနိုင်ပါတယ်။ ရေခဲမုန့်ကောင်းကောင်း လေးစားချင်သူတွေအတွက်အကြိုက်တွေ့စေမယ့်ဆိုင်လေးမို့ညွှန်းဆိုပေးလိုက်ပါတယ်။