ဆောက်ဂိတ်ကိုယ်တိုင်က ဖွင့်ဟပြောကြားခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင် ကစားသမားနှစ်ယောက်ဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ ဂရီလစ်ရှ်တို့ နှစ်ယောက် ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရရှိဖို့ အာမခံချက်မရှိတဲ့အကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောကြားလာပါတယ်။ ဒီကစားသမားနှစ်ယောက်က သက်ဆိုင်ရာအသင်းတွေမှာ ရုန်းကန်နေရတာပါ။



ဂရီလစ်ရှ်ကလည်း ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရင်ဆိုင်နေရပြီး ရပ်ရှ်ဖို့ဒ်ကလည်း ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေအတွက်လည်း နယူးကာဆယ်တိုက်စစ်ကစားသမား ဂေါ်ဒွန်ကို ဆောက်ဂိတ်က ပထမဆုံးရွေးချယ်ခဲ့ပါတယ်။

ဆောက်ဂိတ်က “ရပ်ရှ်ဖို့ဒ်နေရာအတွက် ဂေါ်ဒွန်၊ ပါးလ်မား၊ ဖိုဒန်တို့ရှိနေပြီး အဲ့ဒီနေရာအတွက် ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေရှိလာမှာပါ။ ကစားသမားတွေအနေနဲ့ သူတို့အသင်းမှာ ဖြစ်တဲ့ ပြဿနာက ကလပ်အသင်းကိစ္စပါပဲ။ ဘာကြောင့်လဲဆိုတော့ ဖြစ်ကြောင်းကုန်စင်ကို သူတို့ပဲ သိမှာလေ။ ကွင်းပြင်ပကိစ္စတွေကိုလည်း ကျွန်တော်တို့ အရမ်းကြီး အာရုံမစိုက်ပါဘူး”

“ဒါပေမယ့် အရေးအကြီးဆုံးအချက်ကတော့ ကွင်းတွင်း စွမ်းဆောင်ရည်ကို ကျွန်တော်တို့ အပြည့်အဝ အာရုံစိုက်ထားတယ်ဆိုတာပါပဲ။ ရပ်ရှ်ဖို့ဒ်လိုပဲ ဂရီလစ်ရှ်လည်း ဒီလိုမျိုး ပြိုင်ဆိုင်မှုတွေရှိနေမှာပါ။ ဘိုဝင်၊ ဂေါ်ဒွန်တို့ကလည်း ပုံစံကောင်းပြနေပါတယ်။ ဂိုးတွေ ပုံမှန်သွင်းတယ်၊ ခြေစွမ်းပြတယ်၊ ခံစစ်ကို ကူတယ်၊ ကြိုးစားပါတယ်”

“ဒီတော့ အဲ့ဒီနေရာတွေအတွက် ကျွန်တော်တို့မှာ ရွေးချယ်စရာ ကောင်းကောင်းတွေရှိပါတယ်။ ဘယ်သူ့ကိုမှလည်း ပုံမှန်နေရာအတွက် ကျွန်တော်တို့ အာမခံချက်မပေးနိုင်ပါဘူး။ ရပ်ရှ်ဖို့ဒ်က ကျွန်တော်တို့အတွက် ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် လူတိုင်းက ဒီအချိန်ကနေ​ ရာသီကုန်တဲ့အထိ ပုံစံကောင်းပြနိုင်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က