အာဆင်နယ်ကိုတော့ ချီးကျူးသွားပါသေးတယ်။

ယူနိုက်တက်ရဲ့ ရှယ်ယာရှင်အသစ် ဆာဂျင်မ်ရက်ကလစ်ဖ်က သူ့အနေနဲ့ အခြားအသင်းတစ်သင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့်အကြောင်းကို မရွေးချယ်ပေးနိုင်ကြောင်း၊ သူတို့အားလုံးကို မုန်းတီးကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ မဖြစ်နိုင်တော့ပါဘူး။



လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီးတို့ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေပြီး ကျန်တဲ့အသင်းတွေကတော့ ဒီအတွက် အလှမ်းဝေးသွားခဲ့ပါပြီ။​ ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ ကြိုးစားရမှာဖြစ်ပြီး လက်ရှိမှာ အဆင့် (၆) နေရာမှာသာ ရပ်တည်နေပါတယ်။

ဘယ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေချင်လဲဆိုတဲ့ မေးခွန်းကို ရက်ကလစ်ဖ်က “ကျွန်တော် သူတို့အားလုံးကို မုန်းတီးပါတယ်။ ခင်ဗျားက လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်တို့ကို ပြောတာမဟုတ်လား? ကျွန်တော် မသိပါဘူး။ သူတို့အားလုံးက ကျွန်တော်တို့အတွက် ရန်သူပါပဲ။ ကျွန်တော် တစ်သင်းသင်းကို ရွေးချယ်ဖို့ မဖြစ်နိုင်ပါဘူး”

“ဒါပေမယ့် အာဆင်နယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တာက အာတီတာအတွက် ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အာဆင်နယ်အတွက် ပုံစံကောင်းပြခဲ့ပြီး အာဆင်နယ်ကလည်း သူနဲ့ ပတ်သက်လို့ စိတ်ရှည်သည်းခံခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လာမယ့်ရာသီမှာ ယူအီးအက်ဖ်အေ အဆင့်သတ်မှတ်ချက်အရ ပရီးမီးယားလိဂ်အသင်း (၅) သင်းအထိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရရှိမှာပါ။ ဒါပေမယ့် ယူနိုက်တက်အနေနဲ့လည်း လက်ရှိမှာ အဆင့် (၆) နေရာမှာသာ ရပ်တည်နေတာကြောင့် အဆင့် (၅) နေရာက စပါး၊ အဆင့် (၄) နေရာက ဗီလာတို့နဲ့ အပြိုင်တိုက်ပွဲဝင်ရဦးမှာပါ။

Share

Loading Next Article...
က္က