လူမျိုးရေးခွဲခြားမှုတွေအကြောင်းကို ပြောပြရင်း ငိုကြွေးခဲ့တာပါ။

ဘရာဇီးတောင်ပံကစားသမား ဗီနီရှပ်စ်ဟာ စပိန်နဲ့ ကစားမယ့် ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေရင်း မျက်ရည်ကျခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမားဟာ လူမျိုးရေးခွဲခြားမှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာပါ။



အခု စပိန်နဲ့ပွဲကလည်း သူ့ရဲ့ မိခင်ကလပ် ရီးရဲလ်မက်ဒရစ်အိမ်ကွင်း ဘာနေဗျူးကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ ဘရာဇီးဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ အင်္ဂလန်နဲ့ပွဲမှာ အန်းဒရစ်ခ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။


စပိန်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဗီနီရှပ်စ်က သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖြေကြားပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဗီနီရှပ်စ်က “ပါးစပ်နဲ့ လူမျိုးရေးခွဲခြားတာက စပိန်နိုင်ငံမှာပဲ ဖြစ်နေတာမျိုး မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပါ”

“ကျွန်တော် အိမ်ကိုပြန်တဲ့ အချိန်တိုင်း ပိုပိုပြီး ဝမ်းနည်းရပါတယ်။ ဘယ်သူကမှ ကျွန်တော့်ကို ထောက်ခံအားပေးတာမျိုး မရှိပါဘူး။ ဆောရီးပါ။ ကျွန်တော်က ဘောလုံးကိုပဲ အာရုံစိုက်ကစားချင်တာပါ။ အသင်းအတွက် ကျွန်တော့်မိသားစုအတွက် ဘာမဆိုပဲ လုပ်ပေးချင်တာပါ”

“စောဒကတက်တိုင်း ကျွန်တော်က ပိုပြီး ခံစားချက်ဆိုးရွားလာပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီနေရာမှာ ပေါ်လာဖို့ လိုအပ်ပြီး ကျွန်တော့်မျက်နှာကို ပြဖို့ လိုအပ်ပါတယ်။ ယူအီးအက်ဖ်အေ၊ ဖီဖာ၊ ဘရာဇီးဘောလုံးအဖွဲ့ချုပ်၊ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့လို ဘောလုံးလောကရဲ့ အကြီးမားဆုံးအဖွဲ့အစည်းတွေ၊ ဒီဖြစ်ရပ်တွေကို ဆန့်ကျင်တိုက်ခိုက်နိုင်တဲ့ အဖွဲ့အစည်းတွေကိုလည်း ကျွန်တော် အကူအညီတောင်းပြီးပါပြီ”​လို့ မျက်ရည်တွေနဲ့အတူ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က