ပွဲအပြီးမှာ ပြောကြားသွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းအနေနဲ့ အနိုင်ရရှိသင့်တဲ့ပွဲတစ်ပွဲကို လွှင့်ပစ်ခဲ့တယ်လို့ ချဲလ်ဆီးနဲ့ပွဲအပြီးမှာ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ ယူနိုက်တက်တို့ ၄-၃ ဂိုးနဲ့ အရေးနိမ့်သွားခဲ့တာပါ။



ပထမပိုင်း မိနစ် (၂၀) မပြည့်ခင်ကတည်းက နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခြင်းခံခဲ့ရပြီး ဂါနာချိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ချေပဂိုးတွေ လိုက်သွင်းပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဂါနာချိုက ဒုတိယပိုင်းမှာ ဦးဆောင်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက မိနစ် (၉၀) ပြည့်သွားပြီးတဲ့အထိ လုံလောက်မှုမရှိခဲ့ပါဘူး။

ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၁၀) မိနစ်နဲ့ (၁၁) မိနစ်တို့မှာ ကိုးလ်ပါးလ်မားရဲ့ သွင်းဂိုးနှစ်ဂိုးကို ဆက်တိုက် ခွင့်ပြုလိုက်ရတဲ့နောက် ယူနိုက်တက်တို့ အဝေးကွင်းမှာ ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ သူတို့အတွက် နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ တန်ဟက်ခ်က “ယူနိုက်တက်က ပွဲကို လွှမ်းမိုးနိုင်ခဲ့ပေမယ့် တစ်ဦးချင်းအမှားတွေ ပြုလုပ်ခဲ့ပြီး ဒါကပဲ ကျွန်တော်တို့ကို ပေးဆပ်စေခဲ့ပါတယ်။ ဒီကတစ်ဆင့် ကျွန်တော်တို့ သင်ယူရမှာပါ။ အသင်းရဲ့ ကစားပုံနဲ့ပတ်သက်လို့ ကျွန်တော် ကျေနပ်ပါတယ်။ ဘောလုံးကိုရော၊ ပြိုင်ဘက်ကိုရော လွှမ်းမိုးနိုင်ခဲ့ပါတယ်”

“ကျွန်တော်တို့ပွဲကို လွှမ်းမိုးနိုင်ခဲ့တာလည်း ခင်ဗျားတို့ မြင်မှာပါ။ ကစားပုံက ကောင်းမွန်ခဲ့ပြီး ဒီပွဲကို ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ခဲ့သလို အမှားမျိုးတွေ၊ ဂိုးမျိုးတွေကို ပေးလိုက်လို့ မရပါဘူး။ ဒီပွဲကို အခုထက်ပိုကောင်းတဲ့ပုံစံနဲ့ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

က္က