ဒီညမှာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ရင်ဆိုင်ရမှာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲက ဒေါသတွေ၊ မကျေနပ်မှုတွေနဲ့အတူ လီဗာပူးကို ရင်ဆိုင်ဖို့ ကစားသမားတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာ လီဗာပူးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။



နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်တို့ ချဲလ်ဆီးကို ၂-၃ ဂိုးနဲ့ အနိုင်ရမလိုဖြစ်ခဲ့ပြီး နောက်ကျချေပဂိုးနဲ့ အနိုင်ဂိုးနှစ်ဂိုးဆက်တိုက် ပေးလိုက်ရတာကြောင့် အဝေးကွင်းမှာ ၄-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က မှေးမှိန်သွားခဲ့ပါတယ်။

အခုချိန်မှာလည်း လီဗာပူးနဲ့ နောက်ထပ်ပွဲကျပ်တစ်ပွဲကို ဆက်တိုက် ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲအတွက် တန်ဟက်ခ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ တန်ဟက်ခ်က “ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်ပြီး ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ရပါမယ်။ အရမ်းကို မြင့်မားတဲ့ အဆင့်အတန်းမှာလည်း ကစားနိုင်ရပါမယ်”

“နောက်ပြီး ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးဆိုတဲ့ အသင်းတွေနဲ့ ရင်ဆိုင်နိုင်စွမ်းရှိပြီး အနိုင်ယူနိုင်ရပါမယ်။ ဒါမျိုးလုပ်နိုင်ပြီဟေ့ဆိုရင် ဥရောပမှာလည်း ဒီလိုမျိုး လုပ်နိုင်ပါပြီ။ ပွဲကြီးတွေကို ဘယ်လိုမျိုး ရင်ဆိုင်ရမယ်ဆိုတာကို ကျွန်တော်တို့ သင်ယူဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ လျင်လျင်မြန်မြန်နဲ့ Recover ဖြစ်ဖို့ လိုအပ်ပါတယ်”

“နောက်ဆုံးပွဲက အရှုံးကို ပြောင်းလဲပစ်ရမှာပါ။ ကျွန်တော်တို့ ခံစားချက်တွေ ကောင်းမွန်နေမှာဖြစ်ပြီး ရှေ့ဆက်သွားရမှာပါ။ ခွန်အားသုံးရမယ်၊ ပြီးရင် ကျွန်တော်တို့ ဒေါသလည်း ထွက်နေမှာပါ။ ဒေါသစိတ်ကတဆင့် ကျွန်တော်တို့ ခွန်အားတွေအများအပြားရရှိနိုင်ပြီး ကျွန်တော်တို့ လုပ်ရမှာလည်း ဒီလိုမျိုးပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က