ပိုင်ရှင်အသစ်တွေနဲ့ အလုပ်လုပ်မယ့်အကြောင်း ပြောကြားသွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ သူ့အနေနဲ့ ယူနိုက်တက်နည်းပြရာထူးကနေ နှုတ်ထွက်သွားမှာ မဟုတ်တဲ့အကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ တန်ဟက်ခ်ဟာ ယူနိုက်တက်ရဲ့ ဒီရာသီ အခြေအနေတွေကြောင့် ရာထူးကနေ အထုတ်ပယ်ခံရဖို့၊ နှုတ်ထွက်ဖို့ သတင်းတွေ ထွက်ပေါ်နေတာပါ။



ယူနိုက်တက်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ အုပ်စုနောက်ဆုံးနဲ့ ထွက်ခွာခဲ့ရပြီး ကာရာဘောင်ဖလားမှာလည်း ဗိုလ်လုပွဲတောင် မရောက်ခဲ့ပါဘူး။ အက်ဖ်အေဖလားမှာတော့ ဆီမီးဖိုင်နယ်ရောက်နေပေမယ့် ပရီးမီးယားလိဂ်မှာတော့ အဆင့် (၆) နေရာမှာသာ ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မျှော်လင့်ချက် တော်တာ်လေး နည်းနေပြီး အဲ့ဒီအချက်တွေကြောင့် ယူနိုက်တက်ပရိသတ်အချို့က တန်ဟက်ခ်ကို ယူနိုက်တက်နည်းပြအဖြစ် ဆက်လက်မမြင်တွေ့လိုကြတာပါ။ ဒါပေမယ့် တန်ဟက်ခ်ကတော့ “အစီအစဉ်တွေအားလုံးက အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ လိုပါသေးတယ်”

“အသင်းပိုင်ရှင်အသစ်တွေက အလျင်အမြန် အလုပ်စမယ်လို့ ကျွန်တော်ယုံကြည်ပြီး ကောင်းမွန်တဲ့ အစီအစဉ်တွေကို ယူဆောင်လာမှာပါ။ မာတာ့ဖ်ရဲ့ အားပေးထောက်ခံမှုတွေကို ကျွန်တော် လွမ်းဆွတ်မိတာပေါ့။ ဒါပေမယ့် သူက ထွက်သွားခဲ့ပြီး ကျွန်တော်တို့က အလုပ်ကောင်းကောင်း တွဲလုပ်ဖြစ်ခဲ့တာပါ”

“ကျွန်တော်ပြောခဲ့ပြီးသလိုပါပဲ။ ကျွန်တော်က ပိုင်ရှင်အသစ်တွေနဲ့ နီးနီးကပ်ကပ် အလုပ်တွဲလုပ်ရမှာဖြစ်ပြီး ဒါက ဘာမှမပြောင်းလဲပါဘူး။ ဒီအတွက် ကျွန်တော် ပျော်ရွှင်နေပြီး မှန်ကန်တဲ့ အခြေအနေတစ်ခုနဲ့ အောင်မြင်တာကို မြင်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က