အဆိုးရွားဆုံးနည်းပြစာရင်းဝင်လာဖို့ ရှိနေပါပြီ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ မနေ့ညက ဘုန်းမောက်နဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါသတကြီး ထထွက်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ဟာ စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့ ပရီးမီးယားလိဂ်မှာ (၄) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာပါ။



မနေ့ညက ဘုန်းမောက်ကွင်းမှာ ဆိုလန်ကီ၊ ကလွိုက်ဗက်တို့ရဲ့ ဦးဆောင်ဂိုးတွေကို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က နှစ်ကြိမ်တိုင်တိုင် လိုက်လံချေပခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းအတွက် လိုအပ်တဲ့ အနိုင်ဂိုးကို မသွင်းယူနိုင်ခဲ့တာကြောင့် ဘုန်းမောက်ကွင်းမှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

လက်ရှိမှာ ယူနိုက်တက်က အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာကို ရောက်ရှိသွားခဲ့ပြီး ဖာဂူဆန် ခေတ်လွန်မှာ ဒုတိယမြောက် အဆိုးရွားဆုံးရာသီအဖြစ် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ယူနိုက်တက်ဟာ ဖာဂူဆန် အနားယူသွားပြီး နောက်တစ်ရာသီမှာ အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာနဲ့ ရာသီပိတ်သိမ်းခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ကိုင်တွယ်ခဲ့တဲ့နည်းပြက ဒေးဗစ်မိုယက်စ်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ တန်ဟက်ခ်က နောက်ထပ် သမိုင်းဝင် နည်းပြတစ်ယောက်ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ တန်ဟက်ခ်က “ကျွန်တော် ဒီကိစ္စကို မှတ်ချက်ပေးနေမှာ မဟုတ်ပါဘူး”

“ခင်ဗျားတို့ မေးခွန်း ခင်ဗျားတို့ဘာသာ သိပြီးသားပါ။ လက်ရှိအခိုက်အတန့်မှာ ဒါက အရေးမကြီးပါဘူး” လို့ ပြောကြားပြီး သတင်းစာရှင်းလင်းပွဲနေရာကနေ ထထွက်သွားခဲ့ပါတယ်။ တန်ဟက်ခ်ဟာ ယူနိုက်တက်ကစားသမားတွေရဲ့ ယုံကြည်မှုကိုလည်း ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း သတင်းတွေက ဆက်တိုက်ဖော်ပြနေပါတယ်။

Share

Loading Next Article...
က္က