မာတီနက်ဇ်က ဇာတ်လိုက်ကျော်ဖြစ်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ လိုင်လီနဲ့ အက်စတွန်ဗီလာတို့ရဲ့ ယူရိုပါကွန်းဖရင့်လိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဗီလာဂိုးသမား မာတီနက်ဇ်က တကယ့် ဇာတ်လိုက်ကျော်ဖြစ်ခဲ့ရပါတယ်။ အာဂျင်တီးနားလက်ရွေးစင် ဂိုးသမားဟာ ပြီးခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားကတည်းက ပြင်သစ်ပရိသတ်တွေ မုန်းတီးရတဲ့ ကစားသမားဖြစ်ခဲ့တာပါ။



မနေ့ညက လိုင်လီအိမ်ကွင်းမှာ ကစားတဲ့ပွဲမှာလည်း အိမ်ရှင်ပရိသတ်တွေက မာတီနက်ဇ်ကို ပစ်မှတ်ထား လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲမှာ လိုင်လီက နှစ်ဂိုးပြတ်အထိ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ခံလူ ကက်ချ်ရဲ့ ချေပဂိုးကြောင့် ၂-၁ ဂိုးဖြစ်ကာ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။


အချိန်ပိုပြီးဆုံးချိန်အထိလည်း နှစ်ကျော့ပေါင်းရလဒ် ၃-၃ ဂိုးဖြစ်နေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ မာတီနက်ဇ်ဟာ လိုင်လီရဲ့ ပထမဆုံး ပင်နယ်တီကို ကာကွယ်ပြီးချိန်မှာတော့ သူ့ရဲ့အမူအရာတွေကြောင့် ဒုတိယအဝါကတ်ပြသခံခဲ့ရပါတယ်။

မာတီနက်ဇ်ဟာ သာမန်ပွဲကစားချိန်အတွင်းမှာလည်း အချိန်ဆွဲကစားခဲ့တာကြောင့် ပထမပိုင်းမှာတင် အဝါကတ်ပြသခံခဲ့ရတာပါ။ ဒါပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာ ဒုတိယအဝါကတ်ထိခဲ့သည့်တိုင် စည်းမျဉ်းစည်းကမ်းတွေကြောင့် မာတီနက်ဇ် အနီကတ်ထိခဲ့ခြင်းမရှိပါဘူး။

စည်းမျဉ်းစည်းကမ်းတွေအရ ပင်နယ်တီအဆုံးအဖြတ် ခံယူတဲ့အချိန်မှာ ဖြစ်ပွားတာတွေအတွက် သာမန်ပွဲကစားချိန်အတွင်းက အဝါကတ်တွေကို ထည့်သွင်းတွက်ချက်ခြင်း မရှိတာကြောင့် မာတီနက်ဇ်တစ်ယောက် အနီကတ်ထိမယ့်အရေးကနေ လွတ်မြောက်ခဲ့တာပါ။ မာတီနက်ဇ်ဟာ ပင်နယ်တီအဆုံးအဖြတ်မှာ လိုင်လီရဲ့ ပင်နယ်တီနှစ်လုံးအထိကို ကာကွယ်ပြီး ဗီလာကို ဆီမီးဖိုင်နယ် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က