အဝါကတ် သုံးကတ်ပြည့်သွားခဲ့တာပါ။

အက်စတွန်ဗီလာ ဂိုးသမား မာတီနက်ဇ်ဟာ လိုင်လီနဲ့ ကွန်းဖရင့်လိဂ် ဆီမီးဖိုင်နယ်​ ဒုတိယအကျော့က ဖြစ်ရပ်တွေကြောင့် ပွဲပယ်ခံရတော့မယ်လို့ သိရှိရပါတယ်။ အဆိုပါပွဲမှာ မာတီနက်ဇ်က ပြိုင်ဘက် ပရိသတ်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး သူ့ရဲ့ တုံ့ပြန်ပုံတွေကြောင့်လည်း ဇာတ်လိုက်ကျော်ဖြစ်ခဲ့တာပါ။



ပထမပိုင်းပွဲကစားချိန်အတွင်းမှာတင် မာတီနက်ဇ်က အချိန်ဆွဲတယ်ဆိုပြီး အဝါကတ်ပြသခံခဲ့ရပါတယ်။ အဲ့ဒီနောက် ပင်နယ်တီအဆုံးအဖြတ်မှာလည်း ကွင်းလယ်ဒိုင်က သူ့ကို အဝါကတ် ထပ်မံပြသခဲ့ရပါတယ်။

ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေအရ ပင်နယ်တီအဆုံးအဖြတ်မှာ ရှေ့ပွဲချိန်အတွင်းက အဝါကတ်တွေကို ထည့်သွင်းစဉ်းစားခြင်း မရှိတာကြောင့် မာတီနက်ဇ် အထုတ်မခံခဲ့ရပါဘူး။ အဲ့ဒီနောက် လိုင်လီရဲ့ ပင်နယ်တီကန်ချက်နှစ်ကြိမ်ကို ကာကွယ်ခဲ့ပြီး မာတီနက်ဇ်က ပြိုင်ဘက်ပရိသတ်တွေကို ကပြခဲ့၊ ပါးစပ်ပိတ်ထားဖို့ လက်ဟန်အမူအရာနဲ့ ပြုလုပ်ပြခဲ့ပါတယ်။

အခု မာတီနက်ဇ် ပွဲပယ်ခံရတဲ့အကြောင်းရင်းကတော့ ဒီဖြစ်ရပ်တွေနဲ့ မသက်ဆိုင်ပါဘူး။ လိုင်လီနဲ့ပွဲမှာ အဝါကတ်နှစ်ကတ်ထိခဲ့တဲ့နောက် မာတီနက်ဇ်က ဒီရာသီ ကွန်းဖရင့်လိဂ်မှာ အဝါကတ် သုံးကတ်ပြည့်သွားခဲ့တာကြောင့် အိုလံပီယာကော့စ်နဲ့ ကစားမယ့် ဆီမီးဖိုင်နယ် ပထမအကျော့ကို လွဲချော်ရမှာပါ။

ယူအီးအက်ဖ်အေရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က “မာတီနက်ဇ်က အိုလံပီယာကော့စ်နဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပွဲပယ်ခံရမှာပါ။ အခြေခံအားဖြင့် အဝါကတ် သုံးကတ်ထိခဲ့တာကြောင့် ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က