ဂါနာချိုကိုထုတ်လိုက်ရင် ရလဒ်ဆိုးသွားခဲ့တာပါ။

ယူနိုက်တက်နည်းပြတန်ဟက်ခ်ဟာ မနေ့ညက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် ကိုဗင်ထရီကို သုံးဂိုးပြတ်နဲ့ အနိုင်ရနေချိန်မှာ တောင်ပံကစားသမား ဂါနာချိုကို အန်တိုနီနဲ့ လူစားလဲခဲ့ပါတယ်။ ဂါနာချိုကတော့ ဒီလူစားလဲခံရမှုအတွက် မပျော်မရွှင်ဖြစ်နေတာကိုလည်း ပရိသတ်တွေအားလုံး ရိပ်စားခဲ့မိပါတယ်။



ဒါ့အပြင် တစ်ပွဲလုံး ခြေစွမ်းပျောက်ဆုံးနေတဲ့ ရပ်ရှ်ဖို့ဒ်ကို မထုတ်ဘဲ ဂါနာချိုကို ထုတ်ခဲ့တဲ့အပေါ်မှာလည်း တန်ဟက်ခ်ကို ယူနိုက်တက်ပရိသတ်တွေက ဝေဖန်ပြစ်တင်နေကြပါတယ်။ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်တို့ ချေပဂိုးတွေ ဆက်တိုက်ပေးလိုက်ရပါတယ်။

မိနစ် (၉၀) မှာ သုံးဂိုးစီသရေကျနေခဲ့ပြီး အချိန်ပို၊ ပင်နယ်တီအထိ ဆက်ကစားခဲ့ရကာ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ယူနိုက်တက်တို့ အနိုင်ရရှိခဲ့ပါတယ်။ တိုက်ဆိုင်မှုတစ်ခုအနေနဲ့ ဂါနာချိုကို လူစားလဲလိုက်တဲ့ နောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်တို့ ရလဒ်ကောင်းရာကနေ ဆိုးရွားသွားခဲ့တာပဲဖြစ်ပါတယ်။

ချဲလ်ဆီး၊ လီဗာပူး၊ အခု ကိုဗင်ထရီတို့နဲ့ ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဦးဆောင်နေချိန်မှာပဲ ဂါနာချိုကို လူစားလဲခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ဆုံးရှုံးမှုကြီးမားသွားခဲ့တာကို ဆက်တိုက် မြင်တွေ့နေရပါတယ်။

ချဲလ်ဆီးကို ၃-၂ ဂိုးနဲ့ ဦးဆောင်ထားချိန်၊ လီဗာပူးကို ၂-၁ ဂိုးနဲ့ ဦးဆောင်ထားချိန်မှာလည်း တန်ဟက်ခ်က အခုလိုမျိုးပဲ ဂါနာချိုကို လူစားလဲခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချဲလ်ဆီးကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို လီဗာပူးနဲ့လည်း နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ အခု ကိုဗင်ထရီနဲ့ပွဲမှာလည်း သုံးဂိုးပြတ် ဦးဆောင်ထားပြီးမှ သုံးဂိုးအထိ ပြန်ပေးလိုက်ရတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က