တန်ဟက်ခ်ကတော့ အငြိုးအတေးကြီးပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဗြိတိန်ရဲ့ နာမည်ကျော်သတင်းစာတွေဖြစ်တဲ့ The Sun, Daily Mail နဲ့ မန်ချက်စတာညနေခင်းသတင်းဌာနတို့ကို သတင်းစာရှင်းလင်းပွဲ တက်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။ အကြောင်းရင်းကတော့ ပြီးခဲ့တဲ့အပတ်က သူတို့ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့လို့ပါ။



ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ကိုဗင်ထရီနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ ကစားခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ အချိန်ပို၊ ပင်နယ်တီအထိ ကစားရပြီးမှ ဗိုလ်လုပွဲတက်ခဲ့တာကြောင့် တန်ဟက်ခ်ကိုရော၊ ကစားသမားတွေကိုပါ မီဒီယာတွေနဲ့ ပရိသတ်တွေက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

တန်ဟက်ခ်က အဲ့ဒီဖြစ်ရပ်အတွက် မီဒီယာအချို့ကို အခဲမကျေဖြစ်နေပြီး အခုလိုမျိုး လုပ်ဆောင်လာခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ညက ရှက်ဖီးယူနိုက်တက်ကို ၄-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း တန်ဟက်ခ်က သတင်းထောက်တွေကို ပညာကောင်းကောင်းပြခဲ့ပါသေးတယ်။

အဆိုပါပွဲပြီး သတင်းစာရှင်းလင်းပွဲကို သတင်းထောက်တွေ တက်ရောက်ခဲ့ကြပေမယ့် အချို့သတင်းထောက်တွေကတော့ တန်ဟက်ခ်ကို မေးခွန်းမေးခွင့် မရရှိခဲ့ဘူးလို့ သိရှိရပါတယ်။ အခု ဒီတစ်ပတ်အတွက် သတင်းစာရှင်းလင်းပွဲမှာတော့ တန်ဟက်ခ်က အချို့သတင်းထောက်တွေကို လုံးဝ သတင်းယူခွင့် ပိတ်ပင်လိုက်တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း တန်ဟက်ခ်ရဲ့ နည်းစနစ်တွေကို ကစားသမားတွေ မနှစ်မြို့တာကြောင့် အသင်းတွင်း ပြိုကွဲမှုတွေ ဖြစ်ပေါ်နေတယ်ဆိုပြီး မီဒီယာအချို့က ဖော်ပြခဲ့ဖူးပါတယ်။ အကျိုးဆက်အနေနဲ့ ဗြိတိန်ရဲ့ နာမည်ကြီးသတင်းဌာနအချို့ အခုလိုမျိုးပဲ အသင်းရဲ့ သတင်းယူခွင့် ပိတ်ပင်ခံရဖူးပါတယ်။

Share

Loading Next Article...
က္က