ဟယ်ရီကိန်းက ကာလရှည်ပစ်မှတ်ဖြစ်ခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က သူ့အနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူလိုခဲ့ပေမယ့် မရခဲ့တာကြောင့် နောက်ထပ် အရည်အချင်းရှိ ကစားသမားဖြစ်တဲ့ ဟွိုက်လန်းကို ခေါ်ယူခဲ့ရတာလို့ ဖွင့်ဟလာပါတယ်။ ဂယ်ရီနဗီးလ်နဲ့ သီးသန့်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တန်ဟက်ခ်က ဒီအကြောင်းကို ဖွင့်ဟခဲ့တာပါ။



ယူနိုက်တက်ဟာ စပါးတိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းကို ကာလရှည် စိတ်ဝင်စားခဲ့တာပါ။ ဒီကစားသမားကို ခေါ်ယူဖို့ မန်စီးတီးကလည်း ကြိုးစားခဲ့ပေမယ့် စပါးဥက္ကဌ လီဗိုင်းကတော့ ဟယ်ရီကိန်းကို ပြည်တွင်းပြိုင်ဘက်အသင်းထံ ရောင်းချလိုတဲ့ ဆန္ဒမရှိခဲ့ပါဘူး။

အဲ့ဒါကြောင့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်ထံသာ ရောင်းချခဲ့ပါတယ်။ ယူနိုက်တက်ကလည်း အတ္တလန်တာ တိုက်စစ်မှူး ဟွိုက်လန်းကိုသာ ခေါ်ယူခဲ့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့ တန်ဟက်ခ်က “နောက်ဆုံး ဆယ်စုနှစ်တစ်ခုနဲ့ ဒီနှစ်အပိုင်းအခြားတွေမှာ ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားတွေကို အမြဲ မခေါ်နိုင်ခဲ့ပါဘူး”

“ဒါပေမယ့် ခင်ဗျားအနေနဲ့ အတိတ်မှာ သက်သေပြပြီးသား ကစားသမားတွေအစား အရည်အချင်းနဲ့ အလားအလာရှိတဲ့ ကစားသမားတွေကို ခေါ်ယူပြီး အသင်းကို တည်ဆောက်ရမယ်ဆိုတာကို လက်ခံရပါမယ်။ ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားကို မရခဲ့တာကြောင့် ဟွိုက်လန်းကိုပဲ ခေါ်ခဲ့ရပါတယ်”

“သူကလည်း အလားအလာရှိတဲ့ ကစားသမားပဲလေ။ ကျွန်တော်ပြောတာ ဟယ်ရီကိန်း ဟုတ်ပါတယ်။ သူက တစ်ရာသီကို ဂိုး (၃၀) လောက်ရပါတယ်။ ဟွိုက်လန်းလည်း ဒီမှာ ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူ့အတွက် အချိန်လိုအပ်ပါတယ်။ သူ့ကို ဟယ်ရီကိန်းနည်းတူ အကဲဖြတ်တာကတော့ တရားမျှတမှုမရှိပါဘူး။ ကျွန်တော် ဘယ်တုန်းကမှလည်း သူတို့ကို မနှိုင်းယှဉ်ခဲ့ပါဘူး။ သူတို့က ကွဲပြားခြားနားတဲ့ ကစားသမားတွေပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က