ပွဲအပြီးမှာ ပြောကြားသွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။



ပွဲအပြီးမှာ တန်ဟက်ခ်က “ယူနိုက်တက်အနေနဲ့ ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသခဲ့သင့်ပါတယ်။ ဒီပွဲမှာ ကစားခဲ့တဲ့ ကစားသမားတွေအနေနဲ့ အခုထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသင့်ပါတယ်။ ဒါက ထိုက်တန်တဲ့ ရှုံးပွဲဖြစ်ပြီး ကျွန်တော်တို့ မမျှော်လင့်ထားတဲ့ စွမ်းဆောင်ရည်ပါ”

“ကျွန်တော်တို့ ကက်စ်မဲရိုးတစ်ယောက်တည်းကို အပြစ်တင်နေလို့ မရပါဘူး။ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ကို အာရုံစိုက်ရမှာပါ။ ဒါက မှန်ကန်မှုမရှိခဲ့ပါဘူး။ ကျွန်တော်တို့ တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ပွဲမှာ မှန်ကန်တဲ့ ပုံစံရှိဖို့ လိုအပ်ပါတယ်။ ဒီပွဲကနေ သင်ခန်းစာယူပြီး တိုးတက်အောင် လုပ်ရပါမယ်”

“ကျွန်တော်တို့ အတူတကွရှိနေပြီး အတူတူ တာဝန်ယူရပါမယ်။ ပရိသတ်တွေက ကျွန်တော်တို့ကို ကြီးမားပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ အားပေးမှုတွေကို ပေးခဲ့ကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် တန်ဟက်ခ်ရဲ့အနာဂတ်က လှုပ်ခတ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်က အဆင့် (၈) နေရာကို​ရောက်ရှိသွားခဲ့ပါပြီ။ တစ်ရာသီလုံး အခြေအနေဆိုးခဲ့တဲ့ ချဲလ်ဆီးက အဆင့် (၇) နေရာကို ရောက်သွားခဲ့ပြီး ယူနိုက်တက်နဲ့ တန်ဟက်ခ်အတွက်တော့ ရာသီကုန်ခါနီးမှ ဖိအားတွေ ပိုတိုးလာခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က