မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကတော့ ပရိသတ်တွေကို အစွမ်းကုန်ဖျော်ဖြေနိုင်ခဲ့ပြန်ပါတယ်။ ဒီပွဲမှာ ရီးရဲလ်က ဘိုင်ယန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို အယ်လ်ဖွန်ဆိုဒေးဗီးစ်က ညာခြေကန်ချက်နဲ့ လှလှပပ သွင်းယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်တို့ ဒီသွင်းဂိုးနဲ့ ပွဲကစားချိန် (၈၇) မိနစ်အထိ အကောင်းဆုံး ဦးဆောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီကြားထဲမှာ နောက်တစ်ဂိုးထပ်ရခဲ့ပေမယ့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရတာကြောင့် နစ်နာခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဘိုင်ယန်တို့ ဂြိုဟ်ဆိုးဝင်ခဲ့ပါတယ်။ နူအာရဲ့ အမှားကတစ်ဆင့် ဟိုဆေးလူက ချေပဂိုးသွင်းပေးခဲ့သလို ဆက်တိုက်ဆိုသလိုပဲ ရူဒီဂါရဲ့ ဖန်တီးမှုကတစ်ဆင့် ဟိုဆေးလူက အနိုင်ဂိုး သွင်းခဲ့ပါတယ်။
မထင်မှတ်ထားတဲ့ အလှည့်အပြောင်းကို မထင်မှတ်ထားတဲ့အချိန်ကျမှ ဘိုင်ယန်တို့ ရင်ဆိုင်လိုက်ရတာဖြစ်ပြီး လုံးဝကို ရှော့ခ်ရစေခဲ့တဲ့ ရလဒ်တစ်ခုပါ။ အဲ့ဒီနောက်မှာ ဒီလစ်ဂ်ရဲ့ဂိုးရမလိုဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တို့ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် ဘိုင်ယန်တို့ နစ်နာခဲ့ရပါတယ်။
ဒီပွဲရလဒ်ကြောင့် ရီးရဲလ်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး နောက်ထပ် ဂျာမန်အသင်းတစ်သင်းဖြစ်တဲ့ ဒေါ့မွန်နဲ့ ရင်ဆိုင်ရတော့မှာပါ။ ဒီနှစ်မှာသာ ရီးရဲလ်တို့ ချန်ပီယံလိဂ်ဖလားရခဲ့ရင် သူတို့အတွက် (၁၅) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားဖြစ်လာမှာပါ။