မန်စီးတီး တိုက်စစ်ကစားသမား ဂရီလစ်ရှ်ဟာ မန်စီးတီးရဲ့ လေးနှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အောင်ပွဲခံအခမ်းအနားမှာ သေကံမရောက် သက်မပျောက်ခဲ့တယ်လို့ ပြောရမှာပါ။ မန်စီးတီးက အက်ဖ်အေဖလားဖိုင်နယ်အပြီးမှ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအတွက် ဂရီလစ်ရှ်က ပြိုင်ပွဲစုံ (၃၆) ပွဲကစားပေးခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ မန်စီးတီးတို့ ရီးရဲလ်မက်ဒရစ်ကို ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့သလို အက်ဖ်အေဖလား ဖိုင်နယ်မှာလည်း ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း မန်စီးတီးတို့ အခုလိုမျိုး ပရီးမီးယားလိဂ်ဖလားတစ်လုံးတည်းနဲ့သာ အောင်ပွဲခံခဲ့ရတာပါ။ ဒီလိုမျိုး အောင်ပွဲခံဖို့အတွက် မန်စီးတီးကစားသမားတွေက အမိုးဖွင့်ဘတ်စ်ကားကြီးနဲ့ မြို့တွင်းလှည့်လည် အောင်ပွဲခံခဲ့တာဖြစ်ပြီး ဂရီလစ်ရှ်က ဘတ်စ်ကားလက်ရန်းအပေါ်ကို တက်နေခဲ့ပါတယ်။
ကားက ရုတ်တရက်ထွက်လိုက်ချိန်မှာတော့ ဂရီလစ်ရှ်က ခန္ဓာကိုယ် ဟန်ချက်ပျက်သွားခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်အရှိန်ကို သူကိုယ်တိုင်ပဲ ပြန်ထိန်းခဲ့သလို အသင်းဖော် ဒိုကူကလည်း ဂရီလစ်ရှ်ကို ပြုတ်မကျအောင် ဆွဲပေးထားခဲ့တာကြောင့်သာ ကံကောင်းခဲ့တာပါ။
ဂရီလစ်ရှ်တို့အုပ်စုဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးကတည်းက ကလပ်တက်၊ မူးယစ်သောက်စားနေခဲ့ကြပြီး ကလပ်ထဲကနေ ရုပ်ပျက်ဆင်းပျက် ထွက်လာတဲ့ ပုံရိပ်တွေကလည်း မီဒီယာစာမျက်နှာတွေမှာ ရေပန်းစားခဲ့ပါသေးတယ်။