တန်ဟက်ခ်က အနာဂတ်မရေမရာဖြစ်နေတာပါ။

ယူနိုက်တက်နည်းပြဟောင်းကြီး လူးဝစ်ဗန်ဟားလ်က ယူနိုက်တက်အနေနဲ့ လက်ရှိနည်းပြ တန်ဟက်ခ်ကို အခုထက် အချိန်ပိုပေးသင့်ကြောင်း ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ တန်ဟက်ခ်ရဲ့ အနာဂတ်က မရေမရာဖြစ်နေတာပါ။



တန်ဟက်ခ်က အသင်းကို ကိုင်တွယ်ထားတဲ့ နှစ်ရာသီစလုံး ဖလားလက်မဲ့မဖြစ်အောင် ကာရာဘောင်၊ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခု နောက်ဆုံး အက်ဖ်အေဖလား ဆွတ်ခူးပြီးချိန်မှာ သူ့အနာဂတ်က မရေမရာဖြစ်နေပါတယ်။

ဆာဂျင်မ်ရက်ကလစ်ဖ်တို့အဖွဲ့က တန်ဟက်ခ်ရဲ့ စွမ်းဆောင်ရည်ကို တစ်နှစ်စာ ပြန်လည်အကဲဖြတ်နေတယ်လို့ သတင်းတွေက ဖော်ပြထားတာပါ။ ဒါ့အပြင် တန်ဟက်ခ်ကို ထုတ်ပယ်ဖို့အတွက်လည်း အစီအစဉ်ရှိနေကြောင်းလည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။


ဗန်ဟားလ်ကလည်း ယူနိုက်တက်ကို အက်ဖ်အေဖလား ယူပေးပြီးတဲ့နောက် နှစ်ရက်အကြာမှာ ရာထူးကနေ အထုတ်ခံခဲ့ရဖူးပါတယ်။ အခု တန်ဟက်ခ်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဗန်ဟားလ်က “တန်ဟက်ခ်ကို အခုထက် အချိန်ပိုပေးသင့်တာပေါ့ဗျာ။ ဒါပေမယ့် ကျနော်လည်း အချိန် ပိုမိုလိုအပ်ခဲ့တာပဲလေ”

“ကျနော်လည်း အက်ဖ်အေဖလားကို ယူပေးခဲ့တာ။ ကျနော် မတိုင်ခင် နှစ်ပေါင်း (၂၀) လောက်မှာ ယူနိုက်တက်မှာ အက်ဖ်အေဖလားရခဲ့တဲ့သူမှ မရှိတာ။ အခု တန်ဟက်ခ်က အက်ဖ်အေဖလားရတယ်၊ ပထမရာသီကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တယ်။ ဒီတော့ သူ့ကို ထုတ်သင့်တယ် မထင်ပါဘူး။ သူ့အတွက် အချိန် လိုအပ်ပါတယ်။ သူ ကောင်းကောင်း မစွမ်းဆောင်ပြနိုင်တာလည်း မှန်ပါတယ်။ ဝေဖန်မှုတွေ အများကြီး ခံထားရပေမယ့် သူက နည်းပြကောင်းဆိုတာလည်း သက်သေပြထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က