ရာမဲလ်ကတော့ အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ စပိန်နဲ့ ခရိုအေးရှားတို့ရဲ့ ယူရိုအုပ်စုပွဲကတော့ ရာမဲလ်ကြောင့်ပဲ ပြောစရာတွေ များခဲ့ပြီး ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ရာမဲလ်က ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် တစ်ဂိုးလည်း သွင်းယူပေးခဲ့ပါသေးတယ်။



ဒီပွဲမှာ စပိန်အတွက် အဖွင့်ဂိုးကို အသင်းခေါင်းဆောင် မိုရာတာက သွင်းယူပေးခဲ့တာပါ။ အဲ့ဒီနောက်မှာ ဖာဘီယန်ရုဇ်က ပင်နယ်တီဧရိယာထဲမှာ ခရိုအေးရှား ကစားသမားတွေကို လှည့်စားပြီး ဒုတိယဂိုး ထပ်သွင်းပေးခဲ့ပါတယ်။

နှစ်ဂိုးဆက်တိုက်ပေးလိုက်ရသလို ဖြစ်သွားတဲ့နောက် ခရိုအေးရှားတို့ ဘယ်လိုမှ ပြန်မလာနိုင်တော့ပါဘူး။ ဒါ့အပြင် နောက်တန်းကလည်း ရာမဲလ်တစ်ယောက်ကို ထိန်းချုပ်နေရတာနဲ့တင် တော်တော်လေး ဒုက္ခရောက်ခဲ့ရပါတယ်။

အသက် (၁၆) နှစ်အရွယ် ရာမဲလ်ဟာ ဒီပွဲမှာ ပါဝင်ကစားခဲ့တာကြောင့် ယူရိုသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရ ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကာဗာဟယ်လ်ရဲ့ သွင်းဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပြီး ယူရိုမှာ ဂိုးဖန်တီးနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ တစ်ပါတည်း ရယူနိုင်ခဲ့ပါတယ်။

ရာမဲလ်ဟာ လာမာစီယာအကယ်ဒမီထွက် တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကမှ ဇာဗီရဲ့ စင်တင်မှုနဲ့ ဘာစီလိုနာအသင်းကြီးမှာ စတင်ကစားခွင့်ရရှိခဲ့တာပါ။ ဒါပေမယ့်လည်း သူက အချိန်တိုအတွင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အခုလိုမျိုး စပိန်လက်ရွေးစင်အသင်းကြီးအတွက်ပါ အဓိက, ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။​


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က