၅ မူး၊ ၁ ကျပ် ခေတ်တည်းက ငှက်ပျောရွက်၊ ဗန်ဒါရွက်လေးတွေနဲ့ ထုပ်ပေးပြီး အမေဖြစ်သူက စရောင်းလာခဲ့တာပါ။မုန့်ပျားသလက် ရောင်းချလာခဲ့တဲ့ ကာလကလည်း နှစ်ပေါင်း (၄၀) ကျော်လောက် ကြာခဲ့ပြီလို့လည်း သိရပါတယ်။
မုန့်ပျားသလက်ဆိုတာက
ပေါ်ဆန်းဆန်ကို မုန့်နှစ်ဖြစ်အောင် ကြိတ်ပြီး မီးသွေးနဲ့ချက်လုပ်တဲ့ မုန့်ေလးတစ်မျိုး ဖြစ်တဲ့အတွက် အိအိလေးနဲ့ စားလို့မ၀ဖြစ်ရမှာပါ။
"နှင်းပွင့်ဇော်" မုန့်ပျားသလက်ဆိုင် မှာဆိုရင်ဘိန်းမုန့်အဖြူ (မုန့်ပျားသလက်)၊ ဘိန်းမုန့်အနီ နဲ့ လမ်းသရဲမုန့်တွေ ရနိုင်ပါတယ်။ မုန့်ပျားသလက် ကို တစ်လုပ်စာ အသေးလေးတွေ လုပ်ရောင်းတာဖြစ်ပြီး တစ်ထောင်ဖိုးကို လေးခု နဲ့ရောင်းချနေတာဖြစ်ပါတယ်။ ဆိုင်သုံးဆိုင် ရဲ့ ေရာင်းအားအေနနဲ့ဆိုရင် ဆန်တစ်အိတ်ကို နှစ်ရက်တည်းနဲ့ကုန်အောင် ရောင်းရပါတယ်။
နှင်းပွင့်ဇော် ဆိုင်ရဲ့အစ
ဆိုင်ရှင်ကတော့ အသက်(၁၅)နှစ်လောက် ကတည်းက မုန့်ပျားသလက်ကို စတင်ရောင်းချလာခဲ့တာပဲ ဖြစ်ပါတယ်။“မုန့်ဆိုလို့လည်း ဒီတစ်မျိုးပဲ လုပ်တတ်တယ်။ မုန့်အိုး၊ မီးဖိုတွေ ရှိနေသရွေ့ ဘယ်တော့မှ ထမင်းမငတ်ဘူး။ ဘယ်နားရောက်ရောက် ရောင်းစားလို့ရတယ်။လုပ်နေရင်းနဲ့ လုပ်တာကြာလာေတာ့ ကျက်တယ် မကျက်ဘူး ကိုကြည့်တာနဲ့သိလာပြီ”လို့ဆိုင်ရှင်က ပြောပါတယ်။
မုန့်ပျားသလက်ရောင်းဖြစ်ခဲ့ပုံ
သားအမိ (၃) ယောက်ကို ဆိုင် (၃) ဆိုင်ဖွင့်ထားတာဖြစ်ပြီး အမေဖြစ်သူက ရာပြည့်ဈေး၊ ညီမဖြစ်သူက သီတာလမ်းဈေးနဲ့ ဆိုင်ရှင်ကတော့ စံပြဈေးမှာ အသီးသီး ရောင်းချနေကြတာဖြစ်ပါတယ်။ နှင်းပွင့်ဇော် မုန့်ပျားသလက်ဆိုင်လေးကတော့မနက်နဲ့နေ့လည်ပိုင်းပါ ဖွင့်ပြီး အမေနဲ့ညီမဖြစ်သူတို့(၂)ဆိုင်ကတော့မနက်ပိုင်းသာရောင်းချကြတာဖြစ်ပါတယ်။
လိပ်စာ
မုန့်ပျားသလက် လေးစားကြည့်ချင်တဲ့သူတွေ၊ မုန့်ပျားသလက် ကြိုက်တတ်တဲ့သူတွေအတွက် “နှင်းပွင့်ေဇာ်” မုန့်ပျားသလက် ဆိုင်လေးရဲ့ လိပ်စာက တာမွေအိုးရှင်းအနီး၊အဝိုင်းထိပ်၊ တာမွေမြို့နယ် ပဲဖြစ်ပါတယ်ရှင်။