ရာသီပေါ်အသီး (၁၇) မျိုးလောက်ရပြီး တစ်ရက်ကို သရက်သီး အလုံး (၄၀၀) ကုန်တယ်။

ရွှေပြည်သာ အ.ထ.က (၁) နားမှာ ဆိုင်ဖွင့်ခဲ့တဲ့ သက်တမ်းအနေနဲ့ ဆယ်စုနှစ် တစ်ခုစာ တိုင်အောင် ရှိခဲ့ပြီဖြစ်လို့‌‌ ကျောင်းသူ၊ကျောင်းသား တွေ ကြားထဲမှာတော့ လူကြိုက်များပြီး နာမည်ကြီးတဲ့ အချဉ်ပေါင်း ဆိုင်တစ်ဆိုင် လို့ဆိုရမှာပါ။



ဆိုင်လေးဖွင့်ဖြစ်ပုံ

မိသားစု စား၀တ်နေရေးအတွက် အဆင်ပြေအောင် ဖွင့်ဖြစ်ခဲ့တာ ဖြစ်ပြီး အချဉ်ပေါင်းသည် အများစု အနေနဲ့ဆိုရင် လှည့်လည် သွားလာပြီး ရောင်းကြတာ ဖြစ်ပေမယ့် ၀ယ်ယူသူတွေ အလွယ်တကူ လာ‌ေရာက် ၀ယ်ယူ လို့ရအောင် အခု နေရာနေမှာ အခြေချ ပြီး ရောင်းဖြစ်တာ ကတော့ (၁၀)နှစ် ကျော်ခဲ့ပြီလို့လည်း  သိရပါတယ်။ “တော်တော်များများကလည်ရောင်းကြတာများတယ်။အမကဒီမှာအထိုင်ချပြီးရောင်းလိုက်တာ။စားတဲ့သူတွေလိုက်ရှာမနေရဘဲ လွယ်လွယ်ရှာတွေ့အောင်လို့”လို့ဆိုင်ရှင်က ‌ဆိုင်လေးအကြောင်းကိုပြောပြပါတယ်။

အသီး စုံစုံလင်လင် ရတဲ့ဆိုင်လေး

ဒီဆိုင်မှာ အသီးအစုံအလင်ကို ရရှိနိုင်ပြီး ရာသီပေါ်အသီး (၁၇) မျိုးလောက် ရနိုင်တာဖြစ်လို့ ကြိုက်နှစ်သက်ရာ သစ်သီး ကို စိတ်ကြိုက် ရွေးချယ် ၀ယ်ယူ စားသုံးနိုင်မှာဖြစ်ပါတယ်။‌ရွေးချယ်စရာ သစ်သီးတွေ များတဲ့အတွက် အချဉ်ပေါင်း နှစ်သက်သူတို့ အကြိုက် တွေ့‌ေစမယ့် ဆိုင်လေးဖြစ်ပါတယ်။

အရသာ ကဲတဲ့ သစ်သီးသုပ်

ဒီဆိုင်‌ေလး မှာ‌ေတာ့ အချဥ်‌ေပါင်းသုပ် ဆိုရင်အရသာကဲကဲ ထွက်အောင် ပုဇွန်ခြောက်မုန့်များများနဲ့ သုပ်ပေးတဲ့အတွက်ကြောင့် လူကြိုက်များပြီး အရသာကောင်းကြောင်း သတင်းမွှေးပါတယ်။အသီးကို ငံပြာရည်၊ ဆားချိုမှုန့်တို့နဲ့ တွဲစားလို့ရပြီး တစ်မျိုးလည်းရသလို အသီးအစုံလည်း ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်၀ယ်ယူလို့ရပါတယ်။ 

ဆိုင်လိပ်စာ

အချဉ်ပေါင်းကို ရာသီပေါ်အသီး စုံစုံလင်လင် စားဖို့ လိုက်ရှာနေတဲ့သူတွေအတွက် ရွှေပြည်သာ အချဉ်ပေါင်း ဆိုင်‌ေလးရဲ့ လိပ်စာကတော့ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင် လမ်းဆုံအနီး၊ ဆေးခန်း မှတ်တိုင် မှာပဲဖြစ်ပါတယ်ရှင်။

 



Share

Loading Next Article...
က္က