ကဲ….မနက်စာကအစ ပန်းသေးခေါက်ဆွဲ၊ပူရီတို့အပြင် ထမင်းဟင်းတွေက အဆုံး ဒီဆိုင်မှာ တစ်နေကုန်စားလို့ရနိုင်ပါတယ်။
အိန္ဒိယ လက်ရာ နဲ့ မြန်မာလက်ရာ
ဒီဆိုင်မှာ မနက်ပိုင်းဆို မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ထမင်းကြော်နဲ့ အသုပ်စုံတွေရောင်းပြီး နေ့လယ်ပိုင်းဆိုရင်တော့ ပန်းသေးခေါက်ဆွဲ၊ စမူဆာသုပ်နဲ့ ကီးမားပလာတာတွေ ရောင်းတာပါ။ အသစ်ဖွင့်ထားတဲ့ ဆိုင်လေးပြီး ပန်းသေးခေါက်ဆွဲနဲ့ စမူဆာသုပ်က လူကြိုက်များပါတယ်။ ပွဲတစ်ပွဲကို လူနှစ်ယောက် သုံးယောက်လောက် စားလို့ရအောင် ထည့်ပေးလို့ ဖွင့်ထားတာမကြာသေးပေမယ့် စားသုံးသူတွေ များနေတာပါ။အိန္ဒိယအစားအစာတွေသာမက အိန္ဒိယမြန်မာလက်ရာနဲ့ အမဲနှပ်၊ဆိတ်သားဟင်း၊ကြက်သားဟင်းနဲ့အခြား ဟင်းအမျိုးမျိုးကို လည်း မာမူကြီး ပန်းသေး ခေါက်ဆွဲဆိုင်လေးမှာ ဈေးနှုန်းသက်သာစွာ နဲ့ အရသာရှိရှိ စားနိုင်မှာဖြစ်ပါတယ်နော်။
မိသားစုဝင် ၃ ဦး မီနူး တစ်ယောက်တစ်မျိုးစီ
မီနူးတွေကိုတော့ မိသားစုဝင် ၃ ဦးက တစ်ယောက်တစ်မျိုးစီ ချက်ပြီးရောင်းတာပါ။ ဖခင်ဖြစ်သူက ပန်းသေးခေါက်ဆွဲကြော်၊ မိခင်ဖြစ်သူက စမူဆာသုပ်၊ ကြက်သားသုပ်တွေရောင်းပြီး သမီးဖြစ်သူကတော့ ထမင်းဟင်းချက်ရောင်းပါတယ်။ မိသားစုအဆင်ပြေဖို့အတွက်ပဲ အမြတ်နည်းနည်းပဲယူပြီးစားစရာတွေကိုစားသုံးသူတွေဆီ စေတနာအရင်းခံ ထားပြီး ရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်။
ပုံမှန်ထက် ဈေးသက်သာ
ဒီဆိုင်မှာ မိုးလင်းကနေမိုးချုပ် ထိရောင်းချပေးတာဖြစ်ပြီးသာမန်ဆိုင်တွေထက်လည်း ဈေးပိုသက်သာစွာရောင်းချပေးတာလို့သိရပါတယ်။ မနက် ၁ နာရီလောက်အထိတိုင် လာအားပေးတတ်ကြတဲ့ကားဆရာ အချို့ အဆင်ပြေ စေဖို့အတွက်လည်း ဆိုင်ကိုညနက်ထိ ရောင်းချဖြစ်တယ်လို့ဆိုင်ရှင်ကပြောပါတယ်။အိန္ဒိယအစားအစာတွေကို တစ်ပွဲ ၃၀၀၀ ကျပ်ကစရပြီး လက်ဖက်ရည်၊ ကော်ဖီကအစ ရပါတယ်။ဈေးနှုန်းတွေအနေနဲ့ မနက်စာ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲနဲ့ အသုပ်စုံကို အကြော်အပါအဝင် ၁၅၀၀ ကျပ်နဲ့ ရနိုင်ပြီး ထမင်းဟင်းကတော့ အမဲနှပ်နဲ့ဆို ၃၅၀၀ ကျပ်၊ ကျန်တဲ့အသားဟင်းနဲ့ဆိုရင်တော့ ၂၅၀၀ ကျပ်ပါ။
ဆိုင်လိပ်စာ
မာမူကြီး ပန်းသေးခေါက်ဆွဲကြော် နဲ့အိန္ဒိယ မြန်မာ အစားအစာတွေကိုစားချင်သူတွေအတွက် ဆိုင်လိပ်စာေလးကတော့ ရွှေအုတ်ဂူလမ်းမကြီး၊ အ.ထ.က(၄) သာကေတအနီး၊ သာကေတအဝိုင်း လမ်းမကြီးပေါ် မှာဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်ရှင်။