သက်တမ်းအားဖြင့်လည်း (၂၅) နှစ်တောင် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ရန်ကုန်မှာ ဝက်သားတုတ်ထိုး၊ အမဲသားတုတ်ထိုးကို ကြိုက်နှစ်သက်ကြတဲ့ သူတွေအများအပြား ရှိကြမှာပါ။ တုတ်ထိုးဆိုတာကလည်း စားလေ မဝ လေဖြစ်တဲ့ အစားအသောက်တွေထဲက တစ်ခုဖြစ်တာကြောင့် ဒီတစ်‌‌ခေါက်မှာဆိုရင်တော့ စျေးနူန်းတန်တန်နဲ့ အရသာရှိရှိ စားလို့ရနိုင်တဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။



ကြိုက်တာစား တစ်ချောင်း (၂၀၀)

ဒီဆိုင်လေးမှာဆိုရင် ဝက်သားတုတ်ထိုးနဲ့ အမဲသားတုတ်ထိုးကို ကြိုက်တာစား တစ်ချောင်း (၂၀၀) နဲ့ ရောင်းချပေးနေတာလည်း ဖြစ်သလို ဖွင့်လှစ်ခဲ့တဲ့ သက်တမ်းအားဖြင့်လည်း (၂၅) နှစ်တောင် ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ရောင်းချတဲ့အခါမှာလည်း စားသုံးသူတွေအတွက် စေတနာထားတာကြောင့် ရောင်းချမှုအား မြင့်မားမှုရှိခဲ့သလို၊ ဒီဆိုင်လေးကြောင့်ပဲ အိမ်လေးပါ ဝယ်နိုင်တဲ့အထိ စားသုံးသူတွေများပြားခဲ့ပါတယ်။

မန်ကျည်းအချဉ်ရည်လေး

တုတ်ထိုးဆိုတဲ့အမျိုးက အချဉ်ရည်ကောင်းကောင်းလေးနဲ့မှ စားကောင်းတာဖြစ်တဲ့အတွက် ဒီဆိုင်ရဲ့ထူးခြားချက်ကလည်း အချဉ်ရည်နဲ့ ဆက်စပ်မှုတော့ ရှိနေပါတယ်။ ဒါကတော့ ဒီဆိုင်လေးမှာ ရရှိတဲ့ မန်ကျည်းအချဉ်ရည်လေးပဲ ဖြစ်ပါတယ်။ ဒီအချဉ်ရည်ရဲ့ အရသာက စားသုံးတဲ့ တုတ်ထိုးအရသာကို အများကြီး အရသာပိုရှိစေတဲ့အတွက်ကြောင့် လူတိုင်းရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံရကြောင်း သိထားရပါတယ်။

ပေးရတဲ့ စျေးနဲ့ တန်

ဝက်သားနဲ့ အမဲသား တုတ်ထိုးတွေအပြင်ကိုလည်း ဝက်သားစွပ်ပြုတ်၊ ဝက်သားသုပ်၊ အမဲအူပြုတ်၊ အမဲအူသုပ်၊ ကြက်သားဆန်ပြုတ်တွေကိုလည်း မှာယူ သုံးဆောင်နိုင်သလို အရသာတွေကလည်း ပေးရတဲ့ စျေးနဲ့ တန်မှန်းမသိကို တန်နေတာတော့ အမှန်ပါပဲ။

လိပ်စာ

ဒီဆိုင်လေးမှာ သွားရောက်သုံးဆောင်ချင်တဲ့သူတွေအတွက်ကိုလည်း လိပ်စာလေးဖော်ပြပေးလိုက်ပါတယ်။ ဆိုင်လေးရဲ့ လိပ်စာလေးကတော့ ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်၊ ဆရာစံလမ်းထိပ်မှာ ရှိပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က