စားသုံးသူတွေ အမြဲဝိုင်းပြီး စောင့်နေရလို့ ဝိုင်းဝိုင်းလည်လို့ နာမည်တွင်တဲ့ ကီးမား၊ခေါက်မုန့်ဆိုင်။

ခေါက်မုန့်၊ကီးမား၊ဘိန်းမုန့် ၃မျိုးကို နှစ်ပေါင်း၃၀နီးပါရောင်းလာပြီး အခုထိလူကြိုက်များနေဆဲ ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။



မုန့်တစ်ခု(၁၀)ထဲကစရောင်းခဲ့တဲ့ဆိုင်လေး

ဝိုင်းဝိုင်းလည်ဆိုတဲ့ ခေါက်မုန့်၊ကီးမား၊ဘိန်းမုန့် ဆိုင်လေးကတော့သမိုင်းအလယ်ဗဟိုလမ်းရဲ့ သက်တမ်းရင့်မုန့်ဆိုင်ကောင်းလေးတစ်ဆိုင်ပါ။ နှစ်ပေါင်း၃၀နီးပါးရှိပြီဖြစ်တဲ့ ဒီဆိုင်လေးက မုန့်တစ်ခု(၁၀)ထဲကနေအခုချိန် ထိလူကြိုက်မျ ားနေဆဲဆိုင်လေးလည်းဖြစ်ပါတယ်။

ဝိုင်းဝိုင်းလည်ဆိုတာစားသုံသူတွေပေးတဲ့ နာမည်ပါ

ဆိုင်စဖွင့်ကာစက ဆိုင်နာမည်ရယ်လို့မရှိဘဲ ဒီတိုင်း‌ပဲ လှည်းလေးနဲ့ရောင်းခဲ့တဲ့ဆိုင်လေးပါ။ ဆိုင်မှာမုန့်စောင့်ရင်းအမြဲလူအုံနေတက်တာမို့ ဝိုင်းဝိုင်းလည်နေတာပဲဆိုတဲ့ စားသုံးသူတွေရဲ့ စကားကိုအစွဲပြုရင်း ဝိုင်းဝိုင်းလည်ဆိုတဲ့ ဆိုင်နာမည်လေးဖြစ်လာတာပါ။

မုန့်၃မျိုးလုံး လူကြိုက်များ

ဒီဆိုင်မှာ ခေါက်မုန့်၊ကီးမား၊ဘိန်းမုန့်ဆိုပြီး မုန့်(၃)မျိုးပဲရောင်းတာပါ။ဒီလိုတွေ့ရများတဲ့မုန့် လေးတွေရောင်းပေမယ့်လည်း အရသာနဲ့ လက်ရာကကွဲပြားတာကြောင့် မုန့်အားလုံးကို စားသုံးသူတွေကကြိုက်ကြပါတယ်။အထူးသဖြင့် ကီးမားကတော့ ဒီဆိုင်ရဲ့နာမည်အရဆုံးမုန့် ဖြစ်ပါတယ်။

“စာသုံးသူ‌တွေကတော့မုန့်အကုန်ကြိုက်ကြတယ်။ကီးမားကတော့ ပိုအစားများပြီး ကလေး ၊လူကြီးကြိုက်ကြတယ်။ကီးမားဆိုလည်း အဆာပလာစုံစုံလေးမဆလာကောင်းကောင်း လေးနဲ့အရသာမပြောင်းအောင်လုပ်ရောင်း တယ်။ဘိန်းမုန့်ဆိုလည်း ထောပတ်၊အုန်းနို့၊ဘဲဥ တွေနဲ့လုပ်တော့ဒီအရသာကို ဖောက်သည် တွေကမှတ်ထားကြတယ်”လို့ ဆိုင်ရှင် ဒေါ်ခင်မာဦးကပြောပါတယ်။

သမီးတွေကိုလည်းဘွဲ့ရအောင်ထားပေးနိုင်ခဲ့တယ်။

ဒီမုန့်ဆိုင်လုပ်ငန်းနဲ့ပဲ သမီးနှစ်ယောက်ပညာ ရေးကိုဆုံးခန်းတိုင်အောင်ကျောင်းထား ပေးနိုင်ခဲ့တယ်လို့ ဒေါ်ခင်မာဦးကပြောပြပါ တယ်။သမီးနှစ်ယောက်ရဲ့ပညာရေးနဲ့မိသား စုရဲ့ဝင်ငွေကို တဖက်တလမ်းကဖြည့်ဆည်း ပေးနိုင်ဖို့ရည်ရွယ်ပြီးဒီအလုပ်ကိုသူစလုပ်ခဲ့တာပါ။အခုတော့ဒီမုန့်ရောင်းတဲ့အလုပ်ကပဲ မိသားစုကိုအစစအရာရာ အဆင်ပြေစေတဲ့ အလုပ်လေးအဖြစ်ယနေ့တိုင်ရပ်တည်နေပါတယ်။

မုန့်တွေရဲ့ဈေးနှုန်းက

မုန့်တွေရဲ့ ဈေးနှုန်းကတော့ ကြိုက်တဲ့မုန့်စား (၁၀၀၀)ကျပ်ဖြစ်ပါတယ်။ကီးမားနဲ့ခေါက်မုန့် ကတော့ ကြက်ဥနဲ့စားမယ်ဆို ရွေးချယ်မှုအ အလိုက်ဈေးနှုန်းကွဲပြားပါမယ်။

ဆိုင်လိပ်စာက

ဝိုင်းဝိုင်းလည် ခေါက်မုန့်၊ကီးမား၊ဘိန်းမုန့် ဆိုင်လေးရဲ့လိပ်စာကတော့ မရမ်းကုန်းမြို့နယ်၊ အလယ်ဗဟိုလမ်းမ၊ မုဒိတာအိမ်ရာအနီးမှာဖြစ် ပြီး ဆိုင်ဖွင့်ချိန်နေ့လည်၂နာရီခွဲပါ။သောကြာနေ့ တိုင်းဆိုင်ပိတ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က