ခရီးသွားလုပ်ငန်းကြီးက အခုဆိုရင် Digital ခေတ်နဲ့အညီ အရမ်းကို မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ်။ လေယာဉ်လက်မှတ်ဝယ်တာ၊ ဟိုတယ်ရှာတာကစလို့ ခရီးစဉ်တစ်ခုလုံးကို စီစဉ်တာအထိ အကုန်လုံးကို ဖုန်းထဲက App တွေနဲ့ AI စနစ်တွေနဲ့ ကိုယ်တိုင်လုပ်လို့ရတဲ့အထိ ဖြစ်လာနေပါပြီ။
ဒါပေမဲ့ စက်တွေ ဘယ်လောက်ပဲ တိုးတက်တိုးတက်၊ ခရီးသွားလောကရဲ့ အနာဂတ်မှာ လူသားတွေရဲ့ စေတနာပါပါနဲ့ ဝန်ဆောင်မှုပေးတာကို AI နဲ့ စက်ရုပ်တွေက အစားထိုးလို့ မရသေးဘူးလို့ ဆိုရမှာပါ။ Flymya ရဲ့ ခရီးသွားကျွမ်းကျင်သူ မဝင်းအိအိခိုင်ရဲ့ အတွေ့အကြုံနဲ့ အမြင်တွေကို ကြည့်ပြီး လူသားဗဟိုပြု Customer Service က ဘာလို့ ဒီလောက် အရေးပါနေရတာလဲဆိုတာကို တင်ဆက်ပေးချင်ပါတယ်။
၁။ စာနာစိတ်နဲ့ အခြေအနေကို နားလည်ပေးနိုင်ခြင်း
AI စနစ်တွေက သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် စုဆောင်းစီမံနိုင်ပေမယ့် လူတစ်ယောက်ရဲ့ ခံစားချက်ကို ကိုယ်ချင်းစာနာစိတ်နဲ့ နားလည်ပေးနိုင်တဲ့ အရည်အသွေးတော့ မရှိသေးပါဘူး။
အကြံဉာဏ်ပေးနိုင်မှု - "ရန်ကုန်ကနေ နှစ်ရက်နားဖို့ ဘယ်သွားသင့်လဲ" လို့ မေးလိုက်တဲ့အခါ AI က နေရာနာမည်တွေ ပေးနိုင်ပေမယ့် မဝင်းအိအိခိုင်လို ကျွမ်းကျင်သူတစ်ဦးကတော့ မေးတဲ့သူရဲ့ အလုပ်ပတ်ဝန်းကျင်၊ အပန်းဖြေချင်တဲ့ စတိုင်လ် စတာတွေကိုပါ လေ့လာပြီး "စိတ်ဖိစီးမှုတွေ များနေတဲ့ပုံပဲ၊ ဒီတော့ တိတ်ဆိတ်အေးချမ်းတဲ့ ကလောကို သွားပြီး အနားယူလိုက်ပါလား" ဆိုပြီး တိတိကျကျ အကြံပေးနိုင်ပါတယ်။ ဒါဟာ လူသားတွေကပဲ ပေးနိုင်တဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့ ဝန်ဆောင်မှု (Personalized Service) ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေကို ဖြေရှင်းနိုင်မှု - လေယာဉ်ခရီးစဉ် ရုတ်တရက် ပျက်သွားတဲ့အခါ AI က နောက်ထပ် လေယာဉ်တွေကို စာရင်းပေးနိုင်ပေမယ့် ခရီးသည်ရဲ့ စိတ်ပူပန်မှုနဲ့ ဒေါသကို စိတ်ရှည်လက်ရှည် ကိုင်တွယ်ဖြေရှင်းပြီး သူ့ရဲ့လိုအပ်ချက်နဲ့ အဆင်ပြေဆုံးဖြစ်နိုင်မယ့် အကောင်းဆုံး အစားထိုးလမ်းကြောင်းကို စီစဉ်ပေးတာကတော့ လူသားဝန်ထမ်းရဲ့ ကျွမ်းကျင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် (Emotional Intelligence) တွေကပဲ ကိုင်တွယ်နိုင်ပါတယ်။
မဝင်းအိအိခိုင်ရဲ့ မှတ်ချက် - "ခရီးသွားတဲ့အခါမျိုးမှာ စိတ်ညစ်ရတာ၊ အခက်အခဲကြုံတာတွေက ရှိစမြဲပါပဲ။ အဲဒီလိုအချိန်မျိုးမှာ AI နဲ့ စက်ရုပ်ဆီက 'အချက်အလက်ရှာနေပါတယ်' လို့ ပြောတာထက် 'စိတ်မပူပါနဲ့၊ ချက်ချင်း ဖြေရှင်းပေးပါမယ်နော်' ဆိုတဲ့ လူသားရဲ့ ယုံကြည်မှုရှိတဲ့ အသံလေးက ခရီးသည်ကို အားတစ်ခု ဖြစ်စေတာပါ"
ခရီးသည်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဝန်ဆောင်မှုတွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ Flymya ရဲ့ Customer Service Team
၂။ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း (Handling Unexpected Issues)
ခရီးသွားတဲ့အခါမှာ ကြိုတင်မခန့်မှန်းနိုင်တဲ့ ပြဿနာမျိုးတွေက အမြဲတမ်းလိုလို ကြုံရတတ်ပါတယ်။
ခရီးသည်ရဲ့ အထူးတောင်းဆိုချက် - ခရီးသည်တစ်ယောက်က ပြင်ဦးလွင်က ဟိုတယ်ရွေးချယ်တဲ့အခါ "အခန်းထဲကနေ ညဘက် လသာတာကို မြင်ရတဲ့ အခန်းမျိုးလိုချင်တယ်" လို့ မေးရင်၊ AI စနစ်က ဒီမေးခွန်းကို အဖြေရှာရ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ လူသား ဝန်ဆောင်မှုပေးသူတစ်ဦးက "အခန်းကို အကောင်းဆုံး စီစဉ်ပေးပါ့မယ်၊ တကယ်လို့ ဘတ်ဂျတ်အခြေအနေအရ တည်းမယ့်ဟိုတယ်မှာ အဲဒီလိုမြင်ကွင်းပါတဲ့ အခန်းမျိုးမရနိုင်ဘူးဆိုရင်လည်း ခြံထဲမှာ လမ်းဆင်းလျှောက်ပြီး လသာတဲ့မြင်ကွင်းကို ကြည့်နိုင်မယ့် ဟိုတယ်မျိုး စီစဉ်ပေးနိုင်ပါတယ်နော်" ဆိုတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် အကြံပေး ဖြေရှင်းပေးနိုင်ပါတယ်။
လိုက်လျောညီထွေဖြစ်အောင် စီစဉ်ပေးခြင်း - ခရီးသည်က ကလောကနေ အင်းလေးအထိ (၂) ရက် တောင်တက်ခရီးစဉ် စီစဉ်ရင်း ခရီးစဉ်ကြားမှာ သူတို့ရဲ့ အသက်ကြီးတဲ့မိဘအတွက် သင့်တော်တဲ့ အနားယူစရာ နေရာလေးတစ်ခု ထည့်ပေးဖို့ တောင်းဆိုလာရင် ဒီလို ရှုပ်ထွေးပြီး သီးသန့်ဆန်တဲ့ လိုအပ်ချက်ကို လူသား ကျွမ်းကျင်သူကပဲ ဒေသခံတွေနဲ့ ဆက်သွယ်ပြီး ဖန်တီးပေးနိုင်မှာပါ။
ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ ခရီးသည်အတွက် အကောင်းဆုံးသော ဝန်ဆောင်မှုတွေကြောင့် စိတ်ချရတဲ့ Flymya
၃။ ယုံကြည်မှု တည်ဆောက်ပေးနိုင်ခြင်း (Building Trust)
ခရီးသွားလုပ်ငန်းဆိုတာ ယုံကြည်မှုကို အခြေခံထားတာပါ။ ကိုယ်ရဲ့ အားလပ်ရက် အချိန်တွေနဲ့ ငွေကြေးတွေကို စနစ်တကျ အကောင်းဆုံး စီစဉ်ပေးနိုင်မယ့်သူကို ခရီးသည်တွေက ယုံကြည်ချင်ကြပါတယ်။
AI နည်းပညာတွေက အချက်အလက်တွေ ပေးနိုင်ပေမယ့်ဒီနယ်ပယ်က ကျွမ်းကျင်သူရဲ့ သတင်းအချက်အလက်တွေဖြစ်တဲ့ အစားအသောက်ကြိုက်သူအတွက် ဘားအံက "ကရင်မုန့်ဟင်းခါး"၊ ရှေးဟောင်းနေရာတွေ သဘောကျသူအတွက် ပြင်ဦးလွင်က "ကိုလိုနီဘန်ဂလို"၊ သဘာဝကို မြတ်နိုးသူအတွက် ကလောက "တိမ်ပင်လယ်" လိုမျိုး အကြံပြုချက်တွေကတော့ ခရီးစဉ်တစ်ခုကို သာမန် ခရီးစဉ်ကနေ အမှတ်တရ ခရီးစဉ်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ဒီလို အချက်အလက်မျိုးတွေက အင်တာနက်မှာ အလွယ်တကူ ရှာမတွေ့နိုင်ဘဲ အတွေ့အကြုံရှိ လူသားတစ်ဦးရဲ့ လက်တွေ့ကျကျ လေ့လာထားမှုကနေ ရရှိတာဖြစ်ပါတယ်။
ရေရှည် ဆက်ဆံရေး - ခရီးသွားကုမ္ပဏီတစ်ခုကို ခဏခဏ အသုံးပြုတဲ့ ခရီးသည်တွေဟာ AI စနစ်နဲ့ ပြောနေရတာထက် သူတို့ရဲ့ စိတ်ကြိုက် လိုအပ်ချက်တွေကို သိတဲ့ လူသားအတိုင်ပင်ခံ (Human Consultant) တစ်ယောက်နဲ့ စကားပြောရတာကို ပိုနှစ်သက်ပါတယ်။ ဒီလို ဆက်ဆံရေး တည်ဆောက်နိုင်တာက ကုမ္ပဏီအပေါ် ယုံကြည်မှုကို တိုးစေပြီး ခရီးသည်နဲ့ ရေရှည်ဆက်ဆံရေးကို မြှင့်တင်ပေးပါတယ်။
Arranger ID တစ်ခုဖွင့်ထားရုံနဲ့ ခရီးသည်တွေရဲ့ ဝယ်ယူမှုကို မှတ်သားထားပြီးဖြစ်လို့ အချိန်ကုန်ခံစရာမလိုတဲ့ Flymya
နိဂုံးချုပ်အနေနဲ့
အနာဂတ် ခရီးသွားလုပ်ငန်းမှာ AI ကို မသုံးလို့ မရပါဘူး။ AI က Booking လုပ်တာ၊ စစ်ဆေးမေးမြန်းတာနဲ့ အခြေခံ မေးခွန်းတွေကို ဖြေတာလိုမျိုး လုပ်ငန်းတွေကို မြန်ဆန်လွယ်ကူစေပြီး ကုန်ကျစရိတ်ကို သက်သာစေပါတယ်။
ဒါပေမဲ့ ခရီးသွားလုပ်ငန်းဆိုတာ ရောင်းတာထက် အတွေ့အကြုံကောင်းတွေနဲ့ ခံစားမှုတွေကို ဖန်တီးပေးနေတာပါ။ စိတ်ရှုပ်စရာတွေ ကြုံလာတဲ့အခါ၊ အခက်အခဲရှိလာတဲ့အခါ၊ ဒါမှမဟုတ် တကယ်ကို ထူးခြားတဲ့ ခရီးစဉ်တစ်ခုကို ဖန်တီးချင်တဲ့အခါမျိုးမှာ လူသားတစ်ဦးရဲ့ အားပေးမှု၊ အကြံဉာဏ်နဲ့ စိတ်ရှည်မှုတွေက မရှိမဖြစ် လိုအပ်နေဦးမှာပါ။
ဒါကြောင့် ခရီးသွားလောကရဲ့ အနာဂတ်ဟာ နည်းပညာကို အခြေခံအုတ်မြစ်အဖြစ် သုံးပြီး အဲဒီအပေါ်မှာမှ လူသားရဲ့ နွေးထွေးတဲ့ ဝန်ဆောင်မှုနဲ့ အကောင်းဆုံး ခရီးသွားအတွေ့အကြုံတွေကို ဖန်တီးပေးခြင်းသာ ဖြစ်ပါတယ်လို့ မဝင်းအိအိခိုင်က သူ့အမြင်ကို မှတ်ချက်ပြုထားပါတယ်။
ကျွမ်းကျင်သူအကြောင်း
မဝင်းအိအိခိုင် - ခရီးသွားအတိုင်ပင်ခံနှင့် အတွေ့အကြုံ စီစဉ်သူ (Flymya)
ခရီးသွားနယ်ပယ်မှာ (၉) နှစ်ကျော် အတွေ့အကြုံရှိတဲ့ မဝင်းအိအိခိုင်ဟာ Flymya ခရီးသွားအတိုင်ပင်ခံတစ်ယောက်ဖြစ်ပြီး ခရီးသွားသူတိုင်းအတွက် စိတချမ်းသာမှု၊ သက်တောင့်သက်သာရှိမှုနဲ့ စိတ်တိုင်းကျဖြစ်စေမယ့် ခရီးစဉ်များ ကို ဖန်တီးပေးနေတဲ့သူ ဖြစ်ပါတယ်။ မဝင်းအိအိခိုင်ဟာ ခရီးသွားခြင်းမှတစ်ဆင့် အဓိပ္ပါယ်ရှိတဲ့ အတွေ့အကြုံတွေ ရရှိစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍကို မြှင့်တင်ပေးနိုင်ဖို့ စဉ်ဆက်မပြတ်အားထုတ်ကြိုးပမ်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။