Frontline Sales ဝန်ထမ်း​တွေနဲ့ ယာဉ်မောင်း စုစုပေါင်း ဝန်ထမ်း အယောက် (၁၀၀)ကို ရာသီတုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ပါတယ်။

a Sure Company အနေနဲ့  ဝန်ထမ်းတွေနဲ့ သူတို့ရဲ့  မိသားစုဝင်တွေရဲ့  လူမှုစီးပွားဘဝတွေကို တစ်ဖက်တစ်လမ်းက နေ  ပံ့ပိုးကူညီနိုင်စေဖို့  ရည်ရွယ်ပြီး Sure Foundation ကို ထူထောင်ခဲ့ပါတယ်။ ပထမဆုံးခြေလှမ်းအနေနဲ့  ရန်ကုန်နဲ့  မန္တလေးမှာ ရှိတဲ့  ဝန်ထမ်းတွေ အတွက် အခမဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၄ ရက် နဲ့   ၅ ရက် နေ့တွေမှာ ပြုလုပ်ခဲ့ပါတယ်။ 



ဒီအစီအစဉ်ကနေ တစ်ဆင့် လူအများနဲ့  နေ့စဉ် ထိတွေ့ဆက်ဆံရတဲ့   Frontline Sales ဝန်ထမ်း​တွေနဲ့  ယာဉ်မောင်း စုစုပေါင်း ဝန်ထမ်း အယောက်  (၁၀၀)ကို ရာသီတုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ပါတယ်။  

Centers for Disease Control and Prevention (CDC) ရဲ့   ထုတ်ပြန်ချက်တွေ အရလည်း တုပ်ကွေးရောဂါဟာ  ဘယ်အချိန်မှာ မဆို ဖြစ်ပွားနိုင်ပေမယ့် ရောဂါအများစုကတော့  ရာသီအကူးအပြောင်းကာလ​တွေ   အထူးသဖြင့် မိုးရာသီနဲ့  အေးမြတဲ့ ရာသီတွေမှာ  အဖြစ်များတာကြောင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ရာသီတုပ်ကွေးနဲ့   တုပ်ကွေးနဲ့ဆက်နွယ်တဲ့  ရောဂါတွေ ဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်တဲ့အတွက်  ဝန်ထမ်းတွေ  ပိုမိုဘေးကင်းပြီး ကျန်းမာတဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်မယ့်အပြင် မိသားစုဝင်တွေရဲ့   လူမှုဘဝကျန်းမာရေးကိုပါ တစ်ဖက်တစ်လမ်းကနေ  ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 


 a Sure Company  Founder နဲ့  Chief Executive Officer ကိုသီဟဇော်က  “ဝန်ထမ်းတွေရဲ့ စိတ်ရော၊ ကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးဟာ ကျွန်တော်တို့ a Sure Company အတွက် တကယ့်ကို အရေးကြီးပါတယ်။ ကုမ္ပဏီရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးဟာ  လုပ်ငန်းတစ်ခု ရေရှည်အောင်မြင်မှုအတွက်လည်း အရေးပါတာကြောင့် စွမ်းဆောင်ရည်မြင့်မားပြီး ကျန်းမာလုံခြုံတဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်ဖို့  ခြေလှမ်းတစ်ခုအနေနဲ့ ရန်ကုန်ရုံးချုပ်မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်နှင့် ၅ ရက်၊ မန္တလေးရုံးချုပ်မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်မှာ ဝန်ထမ်းတွေအတွက် ရာသီတုပ်ကွေးကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပါတယ်။ ဝန်ထမ်းတွေအတွက် အထောက်အပံ့ကောင်းတွေပေးနိုင်တဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နိုင်စေဖို့အတွက် ကြိုးစားနေသလို နောက်ထပ်လည်း Personal ရော၊ Professional ပါ တိုးတက်နိုင်စေဖို့ အစီအစဉ်တွေ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။” လို့  ပြောကြားခဲ့ပါတယ်။


a Sure Company  Business Development Manager ကိုရန်နိုင်လင်း ကလည်း ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် “ကျွန်တော်တို့ကိုယ်တိုင်ကျန်းမာနေမှ အလုပ်ကို သေသေချာချာနဲ့ အောင်မြင်စွာလုပ်နိုင်မှာ ဖြစ်သလို မိသားစုကိုလဲ သေချာစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် Company က အခုလို ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးတာကြောင့် ဝန်ထမ်းတွေကို တန်ဖိုးထားတဲ့ လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေရတယ်လို့ ပိုပြီး ခံစားရပါတယ်။” လို့  ပြောကြားခဲ့ပါတယ်။  

World Health Organization (WHO) ရဲ့  အချက်အလက်တွေအရ ရာသီတုပ်ကွေးဟာ ကမ္ဘာတစ်ဝှမ်းမှာ   နှစ်စဉ် လူပေါင်း (၁) ဘီလီယံခန့်ကို ကူးစက်နိုင်ပြီး ပြင်းထန်တဲ့  အခြေအနေတွေအဖြစ် လူ (၃) သန်းကနေ  (၅) သန်းခန့် ဖြစ်ပွားနိုင်ပြီး   နှစ်စဉ် လူ (၂၉၀,၀၀၀) မှ (၆၅၀,၀၀၀) ခန့် အသက်ဆုံးရှုံးမှုတွေ  ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။ ပိုမိုဘေးကင်းပြီး ကျန်းမာတဲ့ လုပ်ငန်းခွင်ကောင်းတစ်ခုဆိုတာ  တစ်ဦးတစ်ယောက်ချင်းစီရဲ့  တိုးတက်မှုခရီးလမ်းကို အထောက်အပံ့တစ်ခုဖြစ်စေနိုင်တဲ့အတွက် a Sure Company အနေဖြင့် လက်ရှိ ဝန်ထမ်း  အယောက်  (၃၁၀) တို့ရဲ့  ကိုယ်စီအရည်အချင်းတွေကို တိုးတက်ကောင်းမွန်စေပြီး လူမှုစီးပွားရေးဘဝတွေ ကောင်းမွန်လာစေဖို့  တစ်ဖက်တစ်လမ်းကနေ ဆက်လက် ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။   



Share

Loading Next Article...
က္က