စုဆောင်းထားတဲ့ City Rewards ပွိုင့်တွေကို MPT မိုဘိုင်းဒေတာပက်ကေ့ချ်အဖြစ် အဆင်ပြေလွယ်ကူစွာ ချက်ချင်း တိုက်ရိုက်လဲလှယ် အသုံးပြုနိုင်တော့မှာပါ။

City Rewards ပွိုင့်တွေကနေ MPT ဒေတာပက်ကေ့ချ်တွေအဖြစ် လဲလှယ်နိုင်” တဲ့အစီအစဉ်ကို ဒီကနေ့ မိတ်ဆက်လိုက်ပါတယ်။ 

ဒီအစီအစဉ်ကတော့ လွန်ခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ (၄) ရက်နေ့က MPT နဲ့ City Mart Holding Co., Ltd (CMHL) တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကြေညာခဲ့ပြီးနောက် မဟာဗျူဟာကျ ဒီဂျစ်တယ် ဝန်ဆောင်မှု စနစ် တိုးချဲ့မှုအတွက် ပထမ အဆင့်ကို ဆောင်ရွက်လိုက်တာလို့ သိရပါတယ်။ 

ခုလို အထူးသီးသန့် ဝန်ဆောင်မှုပေးအပ်ခြင်းကနေ တစ်ဆင့် MPT သုံးစွဲသူတွေဟာ စုဆောင်းထားတဲ့ City Rewards ပွိုင့်တွေကို MPT မိုဘိုင်းဒေတာပက်ကေ့ချ်အဖြစ် အဆင်ပြေလွယ်ကူစွာ ချက်ချင်း တိုက်ရိုက်လဲလှယ် အသုံးပြုနိုင်တော့မှာပါ။ လဲလှယ်ရရှိထားတဲ့ ဒေတာတွေကို ဘယ်အင်တာနက် သုံးစွဲမှု မျိုးမှာမဆို မိမိတို့စိတ်ကြိုက် လွတ်လပ်စွာ အသုံးပြုလို့ရနိုင်မှာဖြစ်လို့ သုံးစွဲသူတွေအတွက် ဒစ်ဂျစ်တယ်လူနေမှုပုံစံနဲ့ အဆင်ပြေချောမွေ့စွာ ချိတ်ဆက်ပေါင်းစပ် သွားနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဒီအစီအစဉ်ဟာ MPT သုံးစွဲသူတွေကို ပိုမိုတန်ဖိုးရှိပြီး အဆင်ပြေလွယ်ကူတဲ့ ဝန်ဆောင်မှု အတွေ့အကြုံတွေကို တိုက်ရိုက်ရရှိခံစားနိုင်စေမှာဖြစ်တယ်လို့ လည်း သိရပါတယ်။ 

သုံးစွဲသူတွေအတွက် အကျိုးကျေးဇူးတွေ အမြင့်မားဆုံးရရှိစေဖို့ ရည်ရွယ်ထားတဲ့ ဒီအစီအစဉ်မှာ City Mart ကနေ နေ့စဉ် စျေးဝယ်ခြင်းက စုဆောင်း ရရှိထားတဲ့ City Rewards ပွိုင့်တွေကို ထပ်မံကုန်ကျမှုမရှိဘဲ အသုံးဝင်တဲ့ မိုဘိုင်းအင်တာနက် ဒေတာပက်ကေ့ချ်တွေ အဖြစ် လဲလှယ်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ 

ဒါ့အပြင် မိုဘိုင်းအက်ပလီကေးရှင်းက တစ်ဆင့် အဆင်ပြေ ချောမွေ့စွာ ချိတ်ဆက်အသုံးပြုနိုင်တဲ့ စနစ်ကို ပံ့ပိုးပေးထားတာမို့ သုံးစွဲသူတွေက ကိုယ့် စိတ်ကြိုက် ဒေတာလဲလှယ်မှုတွေကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူစိတ်ချစွာ ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ 

MPTJO အမှုဆောင်အရာရှိချုပ်ဌာနကြီးမှ Mr. Mikinori Naito က “ကျွန်တော်တို့အနေနဲ့ MPT ရဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုစနစ်ကို စဉ်ဆက်မပြတ် တိုးချဲ့နိုင်ဖို့ကို အလုံးစုံ ကတိပြုဆောင်ရွက်နေပြီး သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝတွေမှာ အဓိပ္ပာယ်ရှိရှိ၊ တန်ဖိုးရှိစွာနဲ့ အဆင်ပြေချောမွေ့တဲ့ အတွေ့အကြုံတွေ ပေးအပ်ဖို့ ရည်ရွယ်ထား ပါတယ်။ သုံးစွဲသူတွေအနေနဲ့ လက်လီအရောင်းဆိုင်တွေက ရရှိတဲ့ ပွိုင့်တွေကို MPT မိုဘိုင်းဒေတာပက်ကေ့ချ် များ အဖြစ် ချက်ချင်း ပြောင်းလဲအသုံးပြုနိုင်စေခြင်းက ကျွန်တော်တိုရဲ့ လက်လီ‌နဲ့ ဒီဂျစ်တယ်လူနေမှုဘဝ လိုအပ်ချက်တွေကြားက ကွာဟမှုကို ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဆန်းသစ်တဲ့ ပထမ အဆင့်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ MPT သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ တန်ဖိုးတွေကို ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ 

MPT ဒေတာနဲ့ City Rewards ပွိုင့်တွေကို လဲလှယ်ဖို့ အတွက် သုံးစွဲသူတွေက City Rewards အက်ပလီကေးရှင်း ဗားရှင်း 2.1.10 ကို အန်းဒရွိုက်အသုံးပြုသူတွေအနေနဲ့ Google Play Store နဲ့ iOS အသုံးပြုသူတွေအနေနဲ့ App Store တို့မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။ 

MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm မှာ ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း ၊ 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမယ့် Chatbot ဝန်ဆောင်မှုတွေကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နဲ့ MPT တရားဝင် ဝက်ဘ်ဆိုက်တို့မှာ စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်တယ်လို့ သိရပါတယ်။ 

 သုံးစွဲသူများအနေဖြင့် CMHL အကြောင်း ပိုမိုသိရှိလိုပါက CMHL Call Center +95 (01) 523967~75 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က