In partnership with  logo
ထူးချွန်ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူနိုင်စေဖို့အက်တမ်(ATOM) မှ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်အား မိတ်ဆက်ပေးလိုက်ပါတယ်။

တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူဖို့  ငွေကြေးဆိုင်ရာ အခက်အခဲ နဲ့  လိုအပ်ချက် ရှိနေတဲ့  တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ထူးချွန် ကျောင်းသား၊ ကျောင်းသူတွေ အတွက် အက်တမ်(ATOM) ရဲ့  ‘Bright Futures’ ပညာသင်ဆုအစီအစဉ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 



ဒီအစီအစဉ်ဟာ ငွေကြေးဆိုင်ရာ အခက်အခဲရှိ​​နေတဲ့  ထူးချွန်ထက်မြက်သော ၂၀၂၅-၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေကို  တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူ နိုင်ဖို့ နဲ့ ပိုမိုကောင်းမွန်တဲ့  အနာဂတ်ကို တည်ဆောက်နိုင်ဖို့  ရည်ရွယ်ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။   

‘Bright Futures’ ပညာသင်ဆုအစီအစဉ်အတွက် လျှောက်လွှာတွေကို  ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၄) ရက် ကနေ စက်တင်ဘာလ (၃၀) ရက်နေ့အထိ လက်ခံသွားမယ်လို့ သိရပါတယ်။  သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့  ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့  အက်တမ်(ATOM) ရဲ့ Facebook, Website နဲ့  LinkedIn တို့မှတစ်ဆင့် အလွယ်တကူ ရယူနိုင်တဲ့  ATOM’s "Bright Futures" Scholarship Program  တရားဝင် လျှောက်လွှာပုံစံဖြင့် လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူတွေ ထဲက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ (၁၀) ဦးကို  စာသင်ကုန်ကျစရိတ်တွေအတွက် လစဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ (၃) သိန်း အပြင် ကျောင်းလခ၊ စာအုပ်စာတမ်းစရိတ်တွေအတွက် နှစ်စဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ (၅) သိန်း ပါဝင်တဲ့  ပညာသင်ဆုတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။ 



“လူငယ်တိုင်းဟာ ဘယ်လိုပဲငွေကြေးအခက်အခဲတွေရှိနေပါစေ မိမိတို့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ခွင့်နဲ့ ထိုက်တန်ပါတယ်” လို့  အက်တမ်(ATOM)  အမှုဆောင်အရာရှိချုပ်  Mr. Ahmad Abdallah က ပြောကြားခဲ့ပါတယ်။  အက်တမ်(ATOM) ရဲ့  'Bright Futures' ပညာသင်ဆုအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်းဟာ ပညာရေး အဟန့်အတားဖြစ်စေမှုကို ဖယ်ရှားပေးပြီး ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတွေကို ပွင့်လင်းစေကာ လူငယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ဆိုတဲ့ အက်တမ်(ATOM) ရဲ့ ကတိကဝတ်ကို ပိုမိုခိုင်မာစေပါတယ်။ ဒီနေ့မှာ လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ထုတ်နိုင်ဖို့ ကူညီပေးရုံတင်မကဘဲ ပိုမိုအားကောင်းပြီး အားလုံးပါဝင်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ပါ ရေရှည်တည်တံ့တဲ့ အကျိုးသက်ရောက်မှုတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်” လို့လည်း ဆက်လက်ပြောကြားခဲ့ပါသေးတယ်။ 

ပညာသင်ဆု ရရှိသူတွေကို ငွေကြေးဆိုင်ရာ လိုအပ်ချက် အထောက်အထား၊ ထူးချွန်တဲ့ ပညာအရည်အချင်းနဲ့  အရည်အချင်းစစ်ဆေးမှုဆိုင်ရာ လိုအပ်တဲ့  စာရွက်စာတမ်း အထောက်အထားတွေပေါ်မူတည်ပြီး  ပွင့်လင်း မြင်သာတဲ့  စိစစ်ရွေးချယ်မှု လုပ်ငန်းစဉ်နဲ့ ရွေးချယ်သွားမှာဖြစ်ပါတယ်။ 

အက်တမ်(ATOM) ရဲ့  ‘Bright Futures’ ပညာသင်ဆု ရရှိသူများအနေဖြင့် စာသင်နှစ်တစ်လျှောက် ကောင်းမွန်တဲ့  လုပ်ဆောင်ချက်ရလဒ်များကို ထိန်းသိမ်းထားရန်၊ စာသင်နှစ်တစ်ခုစီကို အောင်မြင်စွာ ပြီးမြောက်ရန်၊   ပညာသင်ဆုမှာ  သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များကို လိုက်နာရန် လိုအပ်မှာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့  ပညာသင်ဆု ရရှိသူတွေကို နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ အက်တမ်(ATOM) ရုံးချုပ်မှာ ကျင်းပမယ့်  ပညာသင်ဆု ပေးအပ်ပွဲ အခမ်းအနား မှာ   တရားဝင် ကြေညာပေးသွားမှာဖြစ်ပြီး အခမ်းအနားကို  တက်ရောက်နိုင်ရန်အတွက် ခရီးစရိတ်တွေကိုလည်း အက်တမ်(ATOM) မှ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ 

အက်တမ်(ATOM) ရဲ့  ကော်ပိုရိတ်ရေးရာအရာရှိချုပ် ဦးသိန်းဟုတ် ကလည်း “ကျွန်တော်တို့ရဲ့ ‘လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ CSR မဏ္ဍိုင် ကနေတစ်ဆင့် အက်တမ်(ATOM) ဟာ လူမှုအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းကောင်းတွေကို အစဉ်အမြဲ ဖန်တီးပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ အက်တမ်(ATOM) ရဲ့  'Bright Futures' ပညာသင်ဆုအစီအစဉ်ဟာ လာမယ့်မနက်ဖြန်တွေရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် မြန်မာလူငယ်တွေနဲ့အတူ အမြဲတမ်း အတူတကွ ရပ်တည်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရေရှည်ကတိက ဝတ်ကို ဖော်ပြနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တန်းတူညီမျှရှိမှုကို မြှင့်တင်ရေး၊ အခွင့်အလမ်းရရှိမှု တိုးချဲ့ရေးနဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် ရေရှည်တည်တံ့တဲ့ လမ်းကြောင်းတွေကို တည်ဆောက်နိုင်အောင် စွမ်းဆောင်ပေးရေး စတဲ့ ကျွန်တော်တို့ရဲ့  လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်ကိုလည်း မီးမောင်းထိုးပြနေပါတယ်” လို့  ပြောကြားခဲ့ပါတယ်။



Share

Loading Next Article...
က္က