နယ်ဝေးခရီးတစ်ခု ထွက်ခွာဖို့ ကားလက်မှတ်ဝယ်ယူတဲ့အခါ အရင်ကတည်းက လူတိုင်းလိုလို ကြုံတွေ့ဖူးကြတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတွေ ရှိပါတယ်။

ခရီးသွားဖို့ အစီအစဉ်ဆွဲရတာ၊ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ဘယ်နေရာတွေ သွားလည်မယ်ဆိုပြီး တိုင်ပင်ရတာဟာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းပေမဲ့ တကယ်တမ်း ကားလက်မှတ်ဖြတ်ရတော့မဲ့ အချိန်ရောက်လာရင်တော့ ခေါင်းခဲစရာ ကိစ္စတွေက အရင်ဆုံး ဦးနှောက်ထဲ ရောက်လာတတ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နယ်ဝေးခရီးတစ်ခု ထွက်ခွာဖို့ ကားလက်မှတ်ဝယ်ယူတဲ့အခါ အရင်ကတည်းက လူတိုင်းလိုလို ကြုံတွေ့ဖူးကြတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတွေ ရှိပါတယ်။ အဲဒီပြဿနာတွေက ဘာတွေလဲ၊ အဲဒါတွေကို အခုခေတ်မှာ ဘယ်လို အဆင်ပြေပြေ ကျော်လွှားနိုင်မလဲဆိုတာ သေချာ ကြည့်လိုက်ကြရအောင်။



၁။ ကားဂိတ်တွေဆီ ဖုန်းအထပ်ထပ်ဆက်ပြီး အချိန်ကုန်ရတဲ့ ပြဿနာ

ကားလက်မှတ်တစ်စောင် ရဖို့အတွက် နာမည်ကြီး ကားလိုင်းတွေဆီ ဖုန်းဆက်ရတာဟာ တော်တော့်ကို စိတ်ရှည်ရတဲ့ ကိစ္စတစ်ခုပါ။ ဖုန်းခေါ်ရင် လိုင်းမအားတာ၊ ဖုန်းမကိုင်တာ၊ ကိုင်ပြန်တော့လည်း ကားထွက်မဲ့ အချိန်ဇယားနဲ့ ဈေးနှုန်းတွေကို တစ်ခုချင်း မေးနေရတာတွေနဲ့တင် အချိန်တွေ အများကြီး ကုန်သွားတတ်ပါတယ်။ အခုခေတ်မှာတော့ အဲဒီလို ဖုန်းတွေ အထပ်ထပ်ခေါ်စရာ မလိုတော့ဘဲ မိမိဖုန်းထဲကနေပဲ ကားလိုင်းပေါင်းစုံရဲ့ ထွက်ခွာချိန်နဲ့ ဈေးနှုန်းတွေကို မျက်မြင်အတိုင်း တစ်နေရာတည်းမှာ စက္ကန့်ပိုင်းအတွင်း တိုက်ရိုက် နှိုင်းယှဉ်ကြည့်ရှုနိုင်ပါပြီ။

၂။ ထိုင်ခုံနေရာ မရွေးရဘဲ ကံစမ်းမဲနှိုက်သလို စီးရတဲ့ ပြဿနာ

ခရီးဝေး သွားရတဲ့အခါ ထိုင်ခုံနေရာ ကောင်းဖို့က အလွန်အရေးကြီးပါတယ်။ ကားမူးတတ်သူတွေ၊ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေ ပါလာတဲ့အခါ ကားနောက်ဘက် အစွန်ဆုံးခုံတွေ ဒါမှမဟုတ် ဘီးပေါ်ခုံတွေ ကျသွားရင် ခရီးတစ်လျှောက်လုံး မသက်မသာဖြစ်ပြီး ပင်ပန်းရပါတယ်။ အရင်က ကားဂိတ်က ချပေးတဲ့ ထိုင်ခုံကိုပဲ မလွှဲမရှောင်သာ စီးခဲ့ရပေမဲ့ အခုအခါမှာတော့ ကားထိုင်ခုံ Layout ကို အတိအကျ ကြည့်ရှုပြီး ပြတင်းပေါက်ဘေးလား၊ ရှေ့ဘက်လား၊ လူစီးနည်းတဲ့ Single Seat လားဆိုတာကို ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်နိုင်ပြီ ဖြစ်ပါတယ်။

၃။ ကားဂိတ်အထိ လူကိုယ်တိုင် သွားရောက် တန်းစီဝယ်ယူရတဲ့ ပြဿနာ

နေ့စဉ် ရုံးအလုပ်တွေ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကြားထဲက ကားဂိတ်အထိ ကိုယ်တိုင်သွားရောက် လက်မှတ်ဖြတ်ရတာဟာ တကယ့်ကို အလုပ်ရှုပ်စေပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေကြား သွားလာရတဲ့ စရိတ်နဲ့ အချိန်တွေ ကုန်ဆုံးရုံသာမက ကားဂိတ်ရောက်မှ ကိုယ်လိုချင်တဲ့ အချိန် ဒါမှမဟုတ် ထိုင်ခုံ မရတာမျိုးတွေနဲ့လည်း ရင်ဆိုင်ရတတ်ပါတယ်။ ဒါကြောင့် အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် နေရာမရွေး၊ အချိန်မရွေး ဖုန်းလေးတစ်ချက်နှိပ်ရုံနဲ့ လက်မှတ်ဖြတ်နိုင်တဲ့ စနစ်ကို ပြောင်းလဲအသုံးပြုလာကြတာ ဖြစ်ပါတယ်။

၄။ ပွဲတော်ရက်နဲ့ ရုံးပိတ်ရက်ရှည်တွေမှာ လက်မှတ်ပြတ်သွားတဲ့ ပြဿနာ

သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နှစ်သစ်ကူးနဲ့ သင်္ကြန်လို ရုံးပိတ်ရက်ရှည် ကာလတွေမှာ နယ်ပြန်ကြသူ၊ ခရီးထွက်ကြသူ အလွန်များပြားတာကြောင့် ကားလက်မှတ်ရဖို့ဆိုတာ တကယ့် စစ်မြေပြင်တစ်ခုလိုပါပဲ။ ရက်နီးမှ ကားဂိတ်သွားဝယ်ရင် လက်မှတ်ကုန်သွားတာ၊ ဈေးကြီးပေးဝယ်ရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ခရီးစဉ်မတိုင်မီ ကြိုတင်ပြီး Online ကနေ Booking တင်ထားခြင်းက ခရီးစဉ်မပျက်စေဖို့နဲ့ စိတ်ချလက်ချ ခရီးထွက်နိုင်ဖို့ အကောင်းဆုံး အာမခံချက် ပေးနိုင်ပါတယ်။

ခရီးစဉ်တိုင်း စိတ်အေးချမ်းသာစွာ သွားလာနိုင်ဖို့ Flymya က အမြဲအသင့်ရှိနေပါတယ်

အထက်မှာဖော်ပြခဲ့တဲ့ ခေါင်းခဲစရာ ကားလက်မှတ် ဒုက္ခအားလုံးကို မေ့ပစ်လိုက်ပြီး မြန်မာတစ်နိုင်ငံလုံးက နာမည်ကြီး အဝေးပြေးကားလိုင်းပေါင်းစုံရဲ့ လက်မှတ်တွေကို Flymya ကနေတစ်ဆင့် အလွယ်ကူဆုံး ရှာဖွေဝယ်ယူနိုင်ပါတယ်။

ကားလက်မှတ်ဝယ်ယူနိုင်တဲ့ နည်းလမ်းတွေအနေနဲ့...

Flymya Application ကို Android ဖုန်းရော IOS ဖုန်းမှာပါအလွယ်တကူ ဒေါင်းယူပြီး ဝယ်ယူနိုင်သလို www.flymya.com မှာလည်း ဝင်ရောက်ဝယ်ယူနိုင်ပါတယ်။ ဘယ်လို ဝယ်ယူရမလဲဆိုတာ အောက်ပါ အဆင့်လေးတွေအတိုင်း လိုက်လုပ်ကြည့်ရအောင်...။

အဆင့် (၁) - မိမိသွားရောက်မဲ့ခရီးစဉ်ကို ရှာဖွေပါ

Flymya App ကို ဖွင့်ပြီး Home Screen ပေါ်မှာရှိတဲ့ "Bus" icon ကို နှိပ်ပါ။

မိမိသွားလိုတဲ့ခရီးကို ထွက်ခွာမည့်မြို့ (From) နှင့် ရောက်ရှိမည့်မြို့ (To) ကို ရွေးချယ်ပါ။

ခရီးသွားမဲ့ ရက်စွဲ (Date) ကို သတ်မှတ်ပြီး "Search" ကို နှိပ်ပါ။

အဆင့် (၂) - ကားအမျိုးအစားနှင့် အချိန်ရွေးချယ်ပါ

ရှာဖွေမှုရလဒ်တွင် ပေါ်လာသော ကားဂိတ်များ၊ အချိန်များနှင့် ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါ။

မိမိအတွက်အဆင်ပြေစေမဲ့ ကားဂိတ် (ဥပမာ- Mandalar Minn, High Class, Shwe Sin Set Kyar စသည်) နှင့် အချိန်ကို ရွေးချယ်ပြီး "Select" နှိပ်ပါ။

အဆင့် (၃) - ခရီးသည်အချက်အလက် ဖြည့်စွက်ပြီး ခုံနေရာရွေးချယ်ပါ

ခရီးသွားမဲ့သူရဲ့ အမည်၊ ဖုန်းနံပါတ် နှင့် မှတ်ပုံတင်နံပါတ်တို့ကို မှန်ကန်စွာ ဖြည့်သွင်းပါ။

လက်မှတ်ပို့ပေးရန်အတွက် Email ကိုလည်း ထည့်သွင်းထားပေးရပါမယ်။

ကားပေါ်မှာ လွတ်နေတဲ့ ခုံနေရာ (Seat Plan) များကို မြင်တွေ့ရပါက မိမိထိုင်လိုတဲ့ ခုံနံပါတ်ကို ရွေးချယ်ပါ။ (ခုံရွေးပြီးလျှင် "Continue" သို့မဟုတ် "Confirm" ကို နှိပ်ပါ)

အဆင့် (၄) - ငွေပေးချေမှု ပြုလုပ်ပါ

မိမိအသုံးပြုလိုသော Payment Method (ဥပမာ- KBZPay) ကို ရွေးချယ်ပါ။

Promo Code ရှိပါက "Add Promo Code" တွင် ထည့်သွင်းပြီး Discount ယူပါ။

ငွေပေးချေမှု အောင်မြင်သွားပါက မိမိရဲ့ E-Ticket ကို App ထဲတွင်သော်လည်းကောင်း၊ Email ထဲတွင်သော်လည်းကောင်း ချက်ချင်း လက်ခံရရှိမှာဖြစ်ပါတယ်။

Flymya App သို့မဟုတ် Website ကနေတစ်ဆင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပုဂံ၊ ချောင်းသာ၊ ငွေဆောင် စတဲ့ မြို့ကြီးပေါင်းစုံ ပြေးဆွဲနေတဲ့ Express ကားလိုင်းများစွာရဲ့ အချိန်ဇယား၊ ဈေးနှုန်းတွေကို နှိုင်းယှဉ်ရွေးချယ်နိုင်သလို ကားထိုင်ခုံ Layout ကိုလည်း ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် KBZPay, WavePay အစရှိတဲ့ Mobile Banking စနစ်များနဲ့ အပိုဝန်ဆောင်ခ ထပ်ကုန်စရာမလိုဘဲ လုံခြုံစိတ်ချစွာ မိနစ်ပိုင်းအတွင်း E-ticket ရယူနိုင်တာကြောင့် နယ်ဝေးခရီးသွားဖို့ အစီအစဉ်ရှိတာနဲ့ ကားလက်မှတ်အတွက် စိတ်ပူမနေဘဲ Flymya မှာ အခုပဲ ဘွတ်ကင်တင်လိုက်တော့နော်...။

ယခုဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က