In partnership with  logo
ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်တဲ့အနေနဲ့ မြန်မာ့ဩဘာလုပ်ငန်းစု က Startup World Cup Myanmar 2026 မှာ ပါဝင်ပံ့ပိုးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်တဲ့အနေနဲ့ မြန်မာ့ဩဘာလုပ်ငန်းစု က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ Startup World Cup Myanmar 2026 မှာ ပါဝင်ပံ့ပိုးခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပခဲ့တာပါ။ 



YEN-D Myanmar Association (Young Entrepreneur Network Development Association – Myanmar) က ဦးဆောင်ကျင်းပတဲ့ Startup World Cup Myanmar 2026 ဟာ မြန်မာနိုင်ငံမှာရှိတဲ့ Startup လုပ်ငန်းတွေ၊ ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) တွေနဲ့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေအတွက် သူတို့ရဲ့ လုပ်ငန်းအကြံဉာဏ်တွေကို တင်ပြယှဉ်ပြိုင်နိုင်ရန်၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းတွေ ရှာဖွေနိုင်ဖို့နဲ့ နိုင်ငံတကာစီးပွားရေးအသိုက်အဝန်းနဲ့ ချိတ်ဆက်နိုင်ဖို့ အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံတစ်ဝန်းရှိ ကဏ္ဍအသီးသီးက Startup လုပ်ငန်းတွေနဲ့ Founder တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Region Final နောက်ဆုံးအဆင့် ဆန်ကာတင် ရွေးချယ်ခံရတဲ့ လုပ်ငန်း (၁၀) ခုက သူတို့ရဲ့ လုပ်ငန်းအကြောင်းအရာတွေ၊ ဆန်းသစ်တီထွင်မှုများနဲ့ တိုးတက်နိုင်မယ့် အလားအလာတွေကို အကဲဖြတ်ဒိုင်တွေ ရှေ့မှောက် တင်ပြယှဉ်ပြိုင်ခဲ့ကြတာပါ။   

မြန်မာ့ဩဘာလုပ်ငန်းစု အနေနဲ့လည်း ပြည်တွင်း Startup လုပ်ငန်းတွေနဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) တွေကို မြေတောင်မြှောက်ပေးဖို့ ကမ္ဘာ့အဆင့်မီ တိုးတက်လာစေဖို့နဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်​စေဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ Diamond Sponsor အဖြစ် ဂုဏ်ယူစွာ ပါဝင်ပံ့ပိုးကူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။ 

မြန်မာ့ဩဘာလုပ်ငန်းစု၏  လုပ်ငန်းစုအမှုဆောင်အရာရှိချုပ် ဦးသတိုးဟိန်း က အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ လုပ်ငန်းတွေရဲ့ လုပ်ငန်းအကြံဉာဏ်၊ ဆန်းသစ်တီထွင်မှု၊ လုပ်ငန်းတိုးချဲ့နိုင်မယ့် အလားအလာနဲ့ စီးပွားရေးအပေါ် သက်ရောက်မှုတွေ ကို အကဲဖြတ်ပေးခဲ့ကြတာပါ။ 

မြန်မာ့ဩဘာလုပ်ငန်းစု ပြောရေးဆိုခွင့်ရှိသူ ဦးညီညီကျော်လွင်ဦးက “မြန်မာနိုင်ငံရဲ့ စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်တွေရဲ့ ဆန်းသစ်တဲ့အတွေးအခေါ်တွေ၊ စွန့်ဦးတီထွင်နိုင်စွမ်းတွေနဲ့ အဲဒီအတွေးအခေါ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် အခွင့်အလမ်းတွေဟာ အရေးကြီးပါတယ်။ Startup World Cup Myanmar 2026 လို ပြိုင်ပွဲတွေက စွန့်ဦးတီထွင်သူတွေကို သူတို့ရဲ့ လုပ်ငန်းအကြံဉာဏ်တွေကို တင်ပြခွင့်ရစေရုံသာမက နိုင်ငံတကာအဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့နဲ့ လုပ်ငန်းတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်တွေ ရှာဖွေနိုင်ဖို့လည်း အထောက်အကူပြုပါတယ်။ မြန်မာ့ဩဘာလုပ်ငန်းစု အနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ တောင်သူတွေနဲ့အတူ လက်တွဲလုပ်ဆောင်လာခဲ့တဲ့ အတွေ့အကြုံတွေကနေ လူတွေရဲ့ စွမ်းဆောင်ရည်နဲ့ အလားအလာတွေကို မြှင့်တင်ပေးဖို့ အခွင့်အလမ်းဖန်တီးပေးခြင်းရဲ့ အရေးပါမှုကို နားလည်ထားပါတယ်။ ဒါကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ အလားအလာကို အသိအမှတ်ပြုပြီး သူတို့ရဲ့ လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာနိုင်ဖို့ ပံ့ပိုးပေးတဲ့ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာကို ပိုမိုဖော်ထုတ်နိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ဖို့ အခွင့်အလမ်းတွေကို ဆက်လက်အားပေးပံ့ပိုးသွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Startup World Cup ဟာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးမှ Startup လုပ်ငန်းတွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ Business Idea Pitching ပြိုင်ပွဲကြီးဖြစ်ပြီး Pegasus Tech Ventures က ဦးဆောင်ကျင်းပခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ဒီပြိုင်ပွဲကို YEN-D (Myanmar) နဲ့ ပူးပေါင်းကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု Winner အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ “Kyar Nyo Thin” Startup လုပ်ငန်းက အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် Grand Finale ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် Grand Finale ပြိုင်ပွဲမှာ အမေရိကန်ဒေါ်လာ ၁ သန်း (US$1,000,000) တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ရရှိနိုင်မယ့် အခွင့်အရေးအတွက် နိုင်ငံတကာမှ Startup လုပ်ငန်းများနှင့်အတူ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

မြန်မာ့ဩဘာလုပ်ငန်းစုအနေနဲ့ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် လူမှုအသိုက်အဝန်းများ အကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ့် အခွင့်အလမ်းတွေ ဖန်တီးပေးရန် အစဉ်တစိုက် ကြိုးပမ်းလျက် ရှိကြောင်းသိရပါတယ်။ အဆိုပါရည်ရွယ်ချက်နှင့်အညီ ဆန်းသစ်တီထွင်မှုနှင့် တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကို အားပေးမြှင့်တင်တဲ့ အစီအစဉ်များမှာလည်း ဆက်လက်ပါဝင်ပံ့ပိုးသွားမှာဖြစ်ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံ စီးပွားရေးအလားအလာတွေ ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် နိုင်ငံ အနာဂတ်အတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖော်ဆောင်နိုင်ရန် မြန်မာ့ဩဘာလုပ်ငန်းစုက ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။   


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က