အမျိုးသမီးတိုင်း ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လုံခြုံစိတ်ချရပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးပါပဲ။ ဒီလို ယုံကြည်စိတ်ချမှုမျိုး ရရှိနိုင်ဖို့အတွက် Grab က အမျိုးသမီးယာဉ်မောင်းတွေ နဲ့ Rider တွေကို ကိုယ်ခံပညာနှင့် ဘေးကင်းရေး သင်တန်း သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
မထင်မှတ်ထားတဲ့ ဘေးအန္တရာယ်တွေ ရင်ဆိုင်တွေ့ကြုံရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးခဲ့တာပါ။
လက်တွေ့ကျပြီး ပျော်စရာကောင်းတဲ့ သင်တန်းလေ့ကျင့်မှုများ
အတွေ့အကြုံရှိတဲ့ နည်းပြတွေကိုယ်တိုင် တိုက်ခိုက်ရေးနည်းဗျူဟာတွေနဲ့ အန္တရာယ် ကြုံတွေ့ချိန်မှာ ဘယ်လိုပြန်လည် ခုခံရမလဲဆိုတာတွေကို စနစ်တကျ လက်တွေ့သင်ကြားပြသပေးခဲ့တာကို တွေ့ရပါတယ်။
သင်တန်းမှာတော့
သတိရှိမှုနှင့် အခြေအနေကို သုံးသပ်နိုင်စွမ်း : လမ်းပေါ်မှာ မောင်းနှင်ရင်း ဒါမှမဟုတ် အစားအသောက် ပို့ဆောင်ရင်း မမျှော်လင့်ဘဲ ကြုံတွေ့လာရနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်သတိထားရိပ်မိနိုင်စေဖို့ ၊
ယာဉ်တွင်း ခုခံကာကွယ်နည်း အတတ်ပညာများ: ခရီးစဉ်အတွင်း မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ် အခြေအနေတွေ ကြုံတွေ့လာရင်လည်း စနစ်တကျနဲ့ ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင် တုံ့ပြန် ခုခံကာကွယ်နိုင်ဖို့ စတဲ့ နည်းလမ်းတွေကို သင်ကြားပြသပေးခဲ့တာပါ။
သင်တန်းတက်ရောက်ခဲ့ကြတဲ့ Grab Drivers ၊ Grab Riders အမျိုးသမီးတွေကိုယ်တိုင် တက်တက်ကြွကြွ အားသွန်ခွန်စိုက် သင််ယူခဲ့ကြတာကိုတွေ့ရပါတယ်။ ဒီသင်တန်းကြောင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပိုရှိသွားသလို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှု ရှိသွားကြတယ်လို့ သူတို့ရဲ့ ပြောစကားတွေက တဆင့် သိရပါတယ်။
Grab ပို့ဆောင်သူ သက်တမ်း ၁ နှစ်ကျော်ရှိပြီဖြစ်တဲ့ မကေသီအောင်က "ပို့ဆောင်သူလုပ်လာတာ ၁ နှစ်နဲ့ ၄ လရှိပြီ။ ဒီသင်တန်းလေးရှိတယ် ၊ တက်လို့ရတယ်ဆိုပြီး စသိချိန်မှာ တက်လိုက်တာ၊ ညီမတို့ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် ဒီသင်တန်းက အကျိုးရှိမယ်ထင်လို့ လာတက်တာပါ၊" လို့ ပြောလာပါတယ်။
Grab မှာနင်းလာတာ တစ်နှစ်ပြည့်ဖြစ်ဖြစ်တဲ့ မမေသော်ကလည်း “ ခုအခြေအနေအရဆိုလည်း ဒီသင်တန်းလေးတက်ထားရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်လို့ မျှော်လင့်လို့ ဒီသင်တန်းကို လာတက်တာပါ” လို့ သင်တန်းတက်ရောက်ဖြစ်တဲ့ အကြောင်းကို ခုလိုပြောပြပါတယ်။
ပို့ဆောင်သူအမျိုးသမီးတွေကိုသာမက ယာဉ်မောင်းအမျိုးသမီးတွေဆီက စကားသံတွေလည်း ခုလို ကြားသိခဲ့ရပါသေးတယ်။
၂၀၁၇ ခုနှစ််တည်းက Grab မောင်းလာတဲ့ မစန္ဒီက “ကျွန်မတို့လို Grab Taxi မောင်းတဲ့ အမျိုးသမီးတွေ အတွက်လည်း လိုအပ်သလို တခြားတက်စီမောင်းတဲ့ အမျိုးသမီးတွေအတွက်လည်း လိုအပ်ပါတယ်။ ပိုလိုအပ်တာပေါ့ အမျိုးသမီးတွေအတွက် ၊ အဲဒါကြောင့်မို့လို့ အချိန်ပေးပြီးမှ လာတက်တာပါ။ ကားစီးတဲ့ Customer ကလည်း ကိုယ့်ကို ကြောက်တယ်၊ ကိုယ်ကလည်း Customer ကို ကြောက်တဲ့ အခြေအနေမျိုးတွေ အများကြီးရှိလာတာပေါ့လေ။ သေသေချာချာတေ့တေ့ဆိုင်ဆိုင်တော့ မကြုံဖူးသေးပါဘူး။ တစ်ခုခု အန္တရာယ်ဖြစ်လာရင်တော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ တုံ့ပြန်မယ်ဆိုတဲ့ စိတ်တော့ ရှိတာပေါ့ ။ ဒါပေမယ့် ကျွန်မတို့က စနစ်မကျဘူးလေ။ ခုလို Trainer နဲ့ကျ စနစ်ကျတယ်။ ဆရာကလည်း စိတ်ရှည်နဲ့ ခုမှ စတွေ့ ပေမယ့် စိတ်ရှည်လက်ရှည်သင်ပေးတော့ ကျွန်မတို့အတွက် ပိုပြီးတော့ အဆင်ပြေတယ်ရှင့်။ မထင်ထားဘူး။ ကိုယ့်ကို ဒီလောက်ထိ သေသေချာချာ စနစ်တကျ နဲ့စေ တနာထားပြီး ကျွန်မတို့ အမျိုးသမီးတွေ အတွက်ကို ဂရုစိုက်ပြီး လုပ်ပေးမယ်လို့ မထင်ဘူးပေါ့။ ဒီသင်တန်းရောက်မှ တွေ့ရတော့ အရမ်းဝမ်းသာပါတယ်။ ကျေနပ်ပါတယ်။” လို့ ဆိုပါတယ်။
အမျိုးသမီးယာဉ်မောင်းတွေ နဲ့ Riders တွေရဲ့ ဘေးကင်းလုံခြုံမှုအပေါ် အရေးထားတဲ့ Grab
ပထမဆုံးအကြိမ် ပြုလုပ်တဲ့ Women's Defense Training" (ကိုယ်ခံပညာနှင့် ဘေးကင်းရေး သင်တန်း) သင်တန်းအပြီးမှာတော့ သင်တန်းတက်ရောက်သူအမျိုးသမီးတွေဆီကနေ ၁၀၀% စိတ်ကျေနပ်မှု အပြည့်အဝ တုံ့ပြန်ချက် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ခုလို အားတက်ဖွယ် ရလဒ်တွေကြောင့် Grab အနေနဲ့ နောက်ထပ် အမျိုးသမီး ယာဉ်မောင်းတွေ ၊ ပို့ဆောင်သူတွေများစွာဆီကို ခုလို အကျိုးရှိတဲ့ ကိုယ်ခံပညာ သင်တန်းအစီအစဉ်တွေကို ဆက်လက် ပြုလုပ်ပေးသွားဖို့ ရှိဦးမယ်လို့လည်း သိရပါတယ်။
Grab Platform ပေါ်မှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသမီး ယာဥ်မောင်းတွေ နဲ့ ပို့ဆောင်သူ Riders တွေ လမ်းပေါ်မှာ မောင်းနှင်တဲ့ အခါ ၊ ပို့ဆောင်တဲ့ အခါတိုင်းမှာ စိတ်အေးချမ်းသာစွာနဲ့ ဘေးကင်းနိုင််စေဖို့ အတွက် Digital သင်ခန်းစာတွေနဲ့ Safety Features တွေကိုပါ ပူးတွဲ ပံ့ပိုးပေးထားပါသေးတယ်။
Grab အနေနဲ့ အမျိုးသမီးယာဥ်မောင်းတွေ နဲ့ ပို့ဆောင်သူ Riders တွေ ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးရုံတင်မကဘဲ၊ လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ခရီးစဉ်တိုင်း လုံခြုံစိတ်ချရမှု ရှိစေဖို့ အတွက် စဉ်ဆက်မပြတ် ဆက်လက် ပံ့ပိုးပေးသွားမယ်လို့လည်း ဆိုထားပါတယ်။ Grab ရဲ့ အဓိက ဦးစားပေး ကတိကဝတ်တစ်ခုကတော့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ စီးနင်းပို့ဆောင်သူတွေ ဘေးကင်းလုံခြုံရေးသာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Partnership Content