ကျောင်းသားလူငယ်တွေအနေနဲ့ Grab Myanmar ရဲ့ "100% Free Rider Gear" အစီအစဉ်မှာ ပါဝင်နိုင်ပါတယ်။

Grab Myanmar အနေနဲ့ ကျောင်းသားလူငယ်တွေအတွက် သူတို့ရဲ့ ကျောင်းချိန်ပြင်ပမှာ တစ်ဖက်တစ်လမ်းက ဝင်ငွေ အခွင့်အလမ်း ရယူဖန်တီးနိုင်ဖို့ ရည်ရွယ်ပြီး “ 100% Free Rider Gear” အစီအစဉ်ကို ဇွန်လ ၂၂ ရက်နေ့ က စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ၂၀၂၆ - ၂၀၂၇ အတွင်း မည်သည့် ပညာရေးအဖွဲ့အစည်း (သို့မဟုတ်) ကျောင်းမှာမဆို ပညာသင်ယူနေတဲ့ အထောက်အထားကျောင်းသားကတ်ကို ပြရုံနဲ့ GrabFood ပို့ဆောင်သူ အဖြစ် စတင်ဖို့ ကနဦးရင်းနှီးငွေ လုံးဝ (လုံးဝ) မလိုဘဲ အလုပ်လုပ်ကိုင်နိုင်အောင် လိုအပ်တဲ့ အလုပ်သုံးပစ္စည်းတွေကို Grab ကနေ ရာနှုန်းပြည့် အခမဲ့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။



ဒီအစီအစဉ်ကို ဘယ်လိုလျှောက်ထားလို့ ရနိင်မလဲ 

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွင်း ဘယ် ပညာရေးအဖွဲ့အစည်းမဆို ၊ ဘယ် ကျောင်းမဆို ပညာသင်ယူနေကြောင်း အထောက်အထား ကျောင်းသားကတ် (Student ID) ကို ပြသရုံနဲ့ GrabFood ပို့ဆောင်သူ (Rider) အဖြစ် စတင် လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ 

ကနဦး ရင်းနှီးငွေလုံးဝမလိုတဲ့ အစီအစဉ်   

Grab မှာ အလုပ်စတင်ဖို့ အတွက် ကနဦး ကုန်ကျစရိတ် ရင်းနှီးငွေ လုံးဝ (လုံးဝ) မလိုဘဲ လုပ်ငန်းခွင်မှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေကို Grab ကနေ ၁၀၀% ရာနှုန်းပြည့် အခမဲ့ ထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

ထောက်ပံ့ပေးမယ့် ပစ္စည်းတွေကတော့ ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ဖို့အတွက် Grab ဦးထုပ် (Helmet) ၊  အစားအသောက်တွေကို မပျက်စီးဘဲ စနစ်တကျ ပို့ဆောင်နိုင်ဖို့ အစားအသောက် ထည့်တဲ့ အပူထိန်းအိတ် (Grab Food Bag) ၊ မိုးရာသီမှာ အခက်အခဲမရှိ ပို့ဆောင်နိုင်ဖို့ မိုးကာအင်္ကျီ (Raincoat) ၊  Grab ယူနီဖောင်း (Uniform Shirt) စတာ​တွေပဲ ဖြစ်ပါတယ်။ 

ဒါ့ကြောင့်မို့ ကိုယ့်မှာ စက်ဘီးတစ်စီး ရှိရုံနဲ့ ဘာ အပိုစရိတ်မှ ပေးစရာမလိုဘဲ ကျောင်းတက်ရင်း ဝင်ငွေရှာနိုင်မှာ ဖြစ်တာကြောင့် ကျောင်းသားလူငယ်တွေအတွက် အရမ်းကို အဆင်ပြေတဲ့ အစီအစဉ်တစ်ခုပါ။ 

ကျောင်းသား Rider တွေရဲ့ စိတ်ဓာတ်ခွန်အားရဖွယ် ရင်ဖွင့်သံများ 

100% Free Rider Gear အစီအစဉ်မှာ ပါဝင်ပြီး အားလပ်ချိန်တွေကို အကျိုးရှိရှိနဲ့ ကိုယ်ပိုင်ဝင်ငွေအဖြစ် ဖန်တီးနေကြတဲ့ ကျောင်းသားလူငယ်တွေကလည်း သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး အခုလို ရင်ဖွင့်ပြောကြားသွားခဲ့ကြပါတယ်။

GrabFood Rider​ ကျောင်းသားတစ်ဦးဖြစ်တဲ့ မောင်စည်သူကျော်ကတော့ "ပထမဆုံးအော်ဒါရတဲ့အခါမှာ နည်းနည်းလေးတော့ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်တယ်။ Customer တွေဆီကို အချိန်မီရအောင် ပို့ပေးနိုင်ပါ့မလား။ အစားအသောက်တွေကို မပျက်စီးအောင် ပို့ပေးနိုင်ပါ့မလား ဆိုပြီးတော့ စိုးရိမ်စိတ်တော့ ရှိခဲ့တယ်။ ပထမဦးဆုံးမှာ အော်ဒါကို အောင်အောင်မြင်မြင်နဲ့ ပို့ပေးနိုင်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိပြီးတော့ Grab နဲ့​ ရေရှည် လက်တွဲမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော့ အမြင်ကတော့ ဘယ်အလုပ်ကိုမဆို ရိုးသားစွာနဲ့ ကြိုးစားပြီးလုပ်မယ်ဆိုရင် အလုပ်အတွေ့အကြုံလည်းရတယ် ၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ရစေတယ်လို့ မြင်မိပါတယ်။ အလုပ်ကြီး အလုပ်ငယ်လို့ မရွေးဘဲ ကိုယ့်ရဲ့ ပန်းတိုင်အတွက် စလုပ်တဲ့အချိန် က ပိုပြီးတော့ အရေးကြီးတယ်လို့ ထင်တယ်။ စလုပ်ပြီဆိုတာနဲ့ ကိုယ့်ဆီကို အခွင့်အရေးတွေက တဖြေးဖြေး ရောက်လာမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကိုယ် ဘာကြောင့် ဒီအလုပ်ကို လုပ်​နေ တာလဲ ၊ ကိုယ့်ရဲ့ ပန်းတိုင် ၊ ကိုယ့်ရဲ့ မိသားစုကို ကူညီချင်တဲ့စိတ် ကိုယ့်ရဲ့ အနာဂတ်ကို စဉ်းစားလိုက်တဲ့အချိန်မှာ ကိုယ့်အတွက် ခွန်အားတွေ ရရှိလာပြီးတော့ ဆက်ပြီး ကြိုးစားဖြစ်ပါတယ်” လို့ ဆိုပါတယ်။  



ကုန်သွယ်ရေကြောင်းကောလိပ်ကျောင်းသား မောင်အောင်အောင်ကလည်း Grab က ကြိုက်တဲ့ အချိန် ကိုယ့်ဘာသာကိုယ် အချိန်ကို ညှိလို့ရတော့ အရမ်းအဆင်ပြေတယ်။ ကျွန်တော်တို့လို ကျောင်းသားတွေ အတွက်ဆိုရင်လည်း ကျောင်းပိတ်ရက်မှာ နင်းလို့ရတယ်။ ကျွန်​တော်ဆိုရင်တော့ ၇ နာရီကနေ နေ့လယ် ၁ နာရီလောက်ထိနင်းဖြစ်တယ်။ ကျွန်တော်တက်နေ တဲ့ ကျောင်းကတော့ ကုန်သွယ်ရေကြောင်းကောလိပ်ပါ။ ဖြစ်ချင်တာကတော့ ကပ္ပတိန်ပေါ့။ ကျွန်တော့်လိုကျောင်းသားတစ်ယောက်အနေနဲ့ ရည်မှန်းချက်လည်း ရှိတယ်။ ကိုယ်ပိုင်ဝင်ငွေလည်း ရှာချင်တယ်၊ မိဘတွေဆီက တောင်းမသုံးချင်ဘူးပေါ့။ အသက် ၂၀ ကျော်လာပြီဖြစ်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် လွတ်လွတ်လပ်လပ် ရပ်တည်ချင်တယ်။ တခြားနိုင်ငံမှာမှ Part Time Job ရှိတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာလည်း Part Time Job ရှိတယ်။ ကြိုးစားကြည့်​စေချင်တယ်” လို့ သူ့ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ခုလိုပြောပြလာပါတယ်။  

Grab Myanmar အနေနဲ့လည်း ကျောင်းသားလူငယ်တွေ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ၊ အားလပ်ချိန်ကို အကျိုးရှိရှိ ဖြတ်သန်းနိုင်အောင် ၊ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာနိုင်အောင် စဉ်ဆက်မပြတ် ဆက်လက် ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။ 

Grab ရဲ့ အဓိက ဦးစားပေး ကတိကဝတ်ကတော့ Grab မှာ ပါဝင်ဆောင်ရွက်နေတဲ့ မိတ်ဖက်တွေရဲ့ ဘဝအရည်အသွေး တိုးတက်မြင့်မားလာရေးနဲ့ ဝင်ငွေ အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာရေးဖြစ်တယ်လို့ ဆိုပါတယ်။ 

အချိန်ဇယား လွတ်လပ်မှုနဲ့ ကျောင်းသားလူငယ်တွေအတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူး

GrabFood ပို့ဆောင်သူအဖြစ် လုပ်ကိုင်ရာမှာ ကျောင်းစာသင်ချိန်နဲ့ မလွတ်ကင်းဘူးဆိုရင်လည်း ကိုယ်အားလပ်အချိန်အလိုက် အဆင်ပြေသလို အချိန်ညှိယူပြီး လွတ်လပ်စွာ လုပ်ကိုင်နိုင်တာကတော့ ကျောင်းသားတွေအတွက် အကြီးမားဆုံး အားသာချက် ပဲဖြစ်ပါတယ်။ 

ကျောင်းတက်ရင်း အပိုဝင်ငွေ ရှာလိုတဲ့ လူငယ်တွေအတွက် အပိုကုန်ကျစရိတ် လုံးဝ မရှိဘဲ စတင်နိုင်မယ့် "100% Free Rider Gear" အစီအစဉ်က တစ်ဆင့် Grab နဲ့ လက်တွဲပြီး ကိုယ့် အနာဂတ် ရည်မှန်းချက်တွေဆီ ရဲဝံ့စွာ ခြေလှမ်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ 

Partnership Content

Share

Loading Next Article...
က္က