ဘဝရဲ့ အပန်းဖြေနည်းလမ်းတွေ ၊ အကောင်းဆုံးအနားယူမှုတွေထဲမှာ ရုပ်ရှင်ကြည့်တာကလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်နဲ့ ကိုက်ညီတဲ့ ဘဝဇာတ်ကြောင်းရုပ်ရှင်မျိုးကို ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူကြည့်ရတယ်ဆိုရင်တော့ ဒါက ဘဝမှာ တန််ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရ အခိုက်အတန့်လေးဖြစ်သွားတော့တာပါပဲ။
အကောင်းဆုံးအမှတ်တရအခိုက်အတန့်တွေကို ပိုင်ဆိုင်သွားခဲ့ကြတဲ့သူများ
ကိုယ်ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ဆင်တူပြီး လုပ်ဖော်ကိုင်ဖက်တွေချင်းချင်း ရင်ဘတ်ချင်းညိပြီး အနားယူခွင့်ရခဲ့တဲ့သူတွေကတော့ Grab ရဲ့ Top Ten Riders တွေပဲဖြစ်ပါတယ်။ နေ့စဉ် အလုပ်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေကို ခဏတာ မေ့ဖျောက်ပြီး အမောပြေစေဖို့ နဲ့ စိတ်ဓာတ်ခွန်အားရစေဖို့ အတွက် Grab က "Movie Date with Grab" အစီအစဉ်ကို Rider တွေအတွက် ဖန်တီးပေးခဲ့တာပါ။
"Movie Date with Grab"