၇ ပွဲမြောက်မှာမှ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲမှာတော့ လီဗာပူးလ်တို့ နိုင်ပွဲပြန်လည်ရရှိခဲ့ပြိဖြစ်ပါတယ်။ ဒါ့အပြင် အသင်းအတွက် ဂိုးပေါက်ပျောက်နေတဲ့ မိုဟာမက်ဆာလာနဲ့ ကစားသမားသစ်ကိုဒီဂက်ခ်ပိုတို့က ဂိုးတွေသွင်းပေးခဲ့တာကြောင့် ပိုပြီးကျေနပ်စရာကောင်းတဲ့ နိုင်ပွဲတပွဲဖြစ်ခဲ့ကာ အိမ်ကွင်းမှာ ၂-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ခါးသီးပြိုင်ဘက်ကို တန်းဆင်းဇုန်မှာပဲ ဆက်ရှိနေစေခဲ့ပါတယ်။ 

လီဗာပူးလ်ကစားသမားသစ် ဂက်ခ်ပိုကတော့ ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဆာလာက ပထမပိုင်း ၃၆ မိနစ်မှာ ဦးဆောင်ဂိုးသွင်းပေးခဲ့တာပါ။ ဂက်ခ်ပိုဟာ လီဗာပူးလ်အတွက် ၇ ပွဲမြောက်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်လို့ သူ့ကို 007 လို့ နာမည်ပေးဖို့အတွက် စောင့်နေတဲ့ ပရိသတ်တွေကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 



PSV ကနေ လီဗာပူးလ်ကို ရောက်လာပြီးကတည်းက ဂိုးမသွင်းနိုင်ခဲ့တဲ့ ဂက်ခ်ပိုဟာ ညကပွဲမှာ ဂိုးပေါက်ထပ်ပျောက်ခဲ့ရင် ၇ ပွဲကစားအပြီးမှာ သွင်းဂိုးမရှိ၊ ဖန်တီးမှုမရှိဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်မှာပါ။ ဒီအတွက်ကြောင့် သူ့ကို ဂျိမ်းစ်ဘွန်းရဲ့ ကုဒ်နံပါတ်ဖြစ်တဲ့ 007 နဲ့ နှိုင်းယှဉ်ကာ Troll ဖို့အတွက် စောင့်ဆိုင်းနေကြတာဖြစ်ပြီး အခုတော့ ဒါတွေကို သူ ရင်မဆိုင်ရတော့ပါဘူး။ 



မန်ချက်စတာယူနိုက်တက်အသင်းကို ဂျေဒန်ဆန်ချိုရောက်လာခဲ့ချိန်ကလည်း ၇ ပွဲကစားအပြီးမှာ သွင်းဂိုးနဲ့ဖန်တီးမှု လုံး၀မရှိခဲ့လို့ ဒီလိုမျိုး နောက်ပြောင်ခံခဲ့ရဖူးပါတယ်။ ပွဲအပြီးမှာတော့ တွစ်တာပေါ်မှာ လီဗာပူးလ်ပရိသတ်တွေက ဂက်ခ်ပိုရဲ့ ဂိုးသွင်းနိုင်မှုအတွက် ချက်ချင်းပဲ တုံ့ပြန်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ 

"ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ဂက်ခ်ပိုအတွက် သိမ်းထားတဲ့ 007 ပို့စ်တွေကို ဖျက်လိုက်တော့" ၊ "ပြိုင်ဘက်ပရိသတ်တွေ ဂက်ခ်ပိုအပေါ်မှာ 007 meme လုပ်လို့မရတော့ဘူး" ၊ "ရက်စ်၊ ဂက်ခ်ပိုအတွက် လိုနေတာ ဒီဂိုးပဲ" စသဖြင့် ရေးသားပြောဆိုခဲ့ကြပြီး သူတို့ကစားသမားအတွက် ဝံ့ကြွားနေပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က