အံ့အားသင့်ဖွယ်လွဲချော်ခဲ့တာဖြစ်ပါတယ်။

ပုံမှန်ကစားခွင့်ရနေချိန်မှာ အခွင့်အရေးကိုအသုံးမချနိုင်ခဲ့တဲ့ ဆေးလ်ဗားအတွက်လည်း တော်တော်လေးကို ရှော့ခ်ဖြစ်စေခဲ့မှာ သေချာပါတယ်။ 


မနေ့က ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ မန်စီးတီးကွင်းလယ်လူဘာနာဒိုဆေးလ်ဗားတစ်ယောက် ညတောင်အိပ်ပျော်မှာမဟုတ်တဲ့ အဖြစ်နဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ ၂-၀ နဲ့ အဝေးကွင်းမှာ မန်စီးတီးတို့အရေးနိမ့်ခဲ့တာဖြစ်ပြီး ဂွီယီ၊ မက်ဆီတို့ရဲ့ သွင်းဂိုးတွေကို ပြန်လည်ချေပနိုင်ခဲ့ခြင်းမရှိဘဲ ပြိုင်ဘက်ဂိုးသမား ဒွန်နာရမ်မာရဲ့ လက်စွမ်းပြမှုကလည်း သူတို့ကို အရှက်ပြေသွင်းဂိုးနဲ့ ကင်းဝေးစေခဲ့ပါတယ်။ 

အံ့အားသင့်စရာအကောင်းဆုံးကတော့ ဘာနာဒိုဆေးလ်ဗားရဲ့ ၂ကိုက်အကွာက ပိတ်သွင်းမှုဟာ ဂိုးအဖြစ်မပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ စတာလင်ရဲ့ခေါင်းတိုက်ချက် ဂိုးဘားတန်းထိပြီးပြန်ထွက်လာတာကို ထပ်ဆင့်ပိတ်သွင်းယူရာမှာ နောက်တစ်ကြိမ်ဘားတန်းထိပြီး ထွက်သွားခဲ့ကာ သေချာပေါက်ဂိုးရမယ့် အခွင့်အလမး်ကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ 

သူ့ရဲ့လွဲချော်မှုကို တီမိုဝါနာနဲ့တောင် ပရိသတ်တွေက ခိုင်းနှို်င်းကာ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလွဲချော်မှုဟာ နည်းပြဂွာဒီိယိုလာအတွက်လည်း အကြီးအကျယ်စိတ်ပျက်စေမယ့် မြင်ကွင်းဖြစ်ခဲ့ရပြီး ပုံမှန်ကစားခွင့်ရနေချိန်မှာ အခွင့်အရေးကိုအသုံးမချနိုင်ခဲ့တဲ့ ဆေးလ်ဗားအတွက်လည်း တော်တော်လေးကို ရှော့ခ်ဖြစ်စေခဲ့မှာ သေချာပါတယ်။ 


အုပ်စုတွင်းမှာ အဓိကပြိုင်ဘက်တွေအဖြစ်ရှိနေပြီး ပြီးခဲ့တဲ့ရာသီက ဆီမီးဖိုင်နယ်အဆင့်မှာ မန်စီးတီးက နှစ်ကျော့စလုံးအနိုင်ရရှိခဲ့မှုကို ပီအက်စ်ဂျီက ပြန်လည်လက်စားချေနိုင်ခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနီုအတွက်လည်း ဂွာဒီယိုလာကို နာမည်ကျော်ကစားသမားတွေရဲ့ အားနဲ့အနိုင်ယူနိုင်ခဲ့မှုဖြစ်လာခဲ့ပြီး ပေးဂိုးလည်းမပေးခဲ့ရလို့ ပိုမိုစိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ 

Share

က္က