Sports Mode ပေါင်း ၁၀၀ ကျော်လည်း Support ပေးထားပါတယ်။

နှလုံးခုန်တိုင်းတာမှုနဲ့ သွေးတွင်းအောက်ဆီဂျင် စောင့်ကြည့်စနစ်တွေ ပါဝင်တဲ့ တန်ဖိုးနည်းစမတ်နာရီတစ်လုံးကို အိန္ဒိယစမတ် Wearable ကုမ္ပဏီ Ambrane က မိတ်ဆက်လိုက်ပါတယ်။ 

Ambrane ကုမ္ပဏီက ထုတ်လိုက်တဲ့ FitShot Crystal စမတ်နာရီဟာ Google နဲ့ Alexa အသံအကူစနစ်တွေ တစ်ခါတည်း ပါဝင်လာသလို Bluetooth ခေါ်ဆိုမှု ၊ နှလုံးခုန်နှုန်း ၊ အိပ်စက်မှု နဲ့ သွေးတွင်းအောက်ဆီဂျင် တိုင်းတာရေးစနစ်တွေလည်း ထည့်သွင်းလာပါတယ်။ Fitshot Crypstal စမတ်နာရီဟာ Apple Watch စမတ်နာရိတွေလိုမျိုး လေးထောင့်အိုးဒီဇိုင်း သုံးထားပြီး ဘေးမှာ နာရီသော့သီးတံ Side Button တစ်ခု ပါရှိပါတယ်။





၁.၈ လက်မ ဆိုဒ် AMOLED Display သုံးထားပြီး 368 x 448 pixels resolution နဲ့ 60Hz Refresh Rate လည်း ပါရှိမှာပါ။ watch face ပေါင်း ၁၀၀ ကျော် ပါရှိပြီး Bluetooth v5.0 အထောက်အပံ့နဲ့အတူ Bluetooth ခေါ်ဆိုမှုလုပ်နိုင်တဲ့ features တွေလည်း ပါဝင်လာပါတယ်။ FitShot စမတ်နာရီသစ်ဟာ ဟင်းချက်ခြင်း ၊ စကိတ်စီးခြင်း ၊ တရားထိုင်ခြင်း ၊ တူရိယာတီးခတ်ခြင်း နဲ့ သစ်ပင်ဥယျာဉ်စိုက်ပျိုးခြင်း အပါအဝင် Sports Mode ပေါင်း ၁၀၀ ကျော်လည်း Support ပေးထားပါတယ်။ 

Built-In Mic နဲ့ စပီကာတစ်ခု ပါဝင်သလို ၂၄ နာရီလုံး နှလုံးခုန်နှုန်း စောင့်ကြည့်တိုင်းတာပေးမယ့်စနစ် ၊ SpO2 သွေးတွင်းအောက်ဆီဂျင် Level ကြည့်စနစ် ၊ အိပ်စက်မှုတိုင်းတာခြင်းနဲ့ ခြေလှမ်းအရေအတွက် မှတ်သားပေးမယ့်စနစ် စသည်ဖြင့် ကျန်းမာရေးဆိုင်ရာခြေရာခံစနစ်တွေလည်း ထည့်သွင်းထားပါတယ်။ Sports Smart Features တွေအဖြစ် အဝေးထိန်းကင်မရာ Shutter ၊ အဝေးထိန်း သီချင်းအဖွင့်အပိတ် ထိန်းချုပ်နိုင်တဲ့စနစ် ၊ နှိုးစက်နာရီ ၊ Timer ၊ ညသုံး Flashlight ၊ ဖုန်းရှာဖွေစနစ်နဲ့ အထိုင်များရင် အသိပေးမှု ၊ ရာသီဥတုခန့်မှန်းခြင်း စတဲ့ လုပ်ဆောင်ချက်တွေလည်း အသုံးပြုနိုင်မှာပါ။ 

FitShot Crystal နာရီဟာ 330mAh ဘက်ထရီ သုံးထားပြီး ၇ ရက်အထိ အားခံနိုင်မယ်လို့ ဆိုပါတယ်။ ဒီစမတ်နာရီမှာ IP68 ရေနဲ့ဖုန်ဒဏ်ခံနိုင်ရည်လည်း ပါရှိသလို အာမခံတစ်နှစ်လည်း ပေးထားပါတယ်။ FitShot Crystal ကို မီးခိုးရောင် ၊ အနက်ရောင်နဲ့ အစိမ်းရောင် သုံးမျိုးနဲ့ ထွက်ထားပါတယ်။ အိန္ဒိယဈေးကွက်မှာ ဒီစမတ်နာရီကို ရူပီး ၃၀၀၀ (မြန်မာငွေ ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က