အင်တာနက်ရှာဖွေရေးဘုရင်ကြီးတော့ ဈေးကွက်ဝေစု ပဲ့ထွက်လာနေပုံပါပဲ။

၂၀၂၄ နောက်ဆုံး ၃ လဆက်တိုက် Google ပေါ် ရှာဖွေမှုဟာ ၁၀ နှစ်အတွင်း စံချိန်ကျသွားခဲ့လို့ပါ။ ၂၀၁၅ကစလို့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အွန်လိုင်းရှာဖွေမှု ၉၀% ကျော်က Google Search ပေါ်က လာပါတယ်။ အခုက Google အထိ ရင်ထိတ်စရာ ရလဒ်လို့ ပြောနိုင်ပါတယ်။

Search Engine Land ရဲ့ အစီရင်ခံစာအရ Google ရဲ့ ကမ္ဘာ့ရှာဖွေရေးဈေးကွက်ဝေစုက နောက်ဆုံး ၃ လမှာ ၉၀% စီ ကျသွားခဲ့ပါတယ်။ အတိအကျဆို အောက်တိုဘာ ၈၉.၃၄% ၊ နိုဝင်ဘာ ၈၉.၉၉% နဲ့ ဒီဇင်ဘာ ၈၉.၇၃% ရှိခဲ့ထားတာပါ။


အင်တာနက်ရှာဖွေရေးမှာ ၈၉% ကျော် ဈေးကွက်ဝေစုဆိုတာ နည်းတာမဟုတ်ပါဘူး။ ဒါပေမယ့် Google အတွက်ကျ တစ်မျိုးတွေးစရာပါ။ ဆယ်စုနှစ်နဲ့ချီ ရှာဖွေရေးလောကကို ကြီးစိုးခဲ့ရာကနေ နောက်ပိုင်းမှာ ChatGPT search လို AI search ပြိုင်ဘက်တွေ ပေါ်လာတာကို သတိပြုဖို့ပါ။

ပုံမှန် သမရိုးကျ search engine ပြိုင်ဘက်တွေ ဖြစ်တဲ့ Bing, Yandex , Yahoo တို့ကလည်း ဈေးကွက်ဝေစုနည်းနည်း တက်လာတယ်ဆိုပေမယ့် Google က သိပ်လန့်စရာ မရှိပါဘူး။ ဒုတိယအင်အားအကြီးဆုံး ပြိုင်ဘက် Bing တောင် ဈေးကွက်ဝေစု ၄% ပြည့်တာ မဟုတ်လို့ပါ။

အခု နောက်ပိုင်း လူတွေက အားကစားသတင်း ၊ စတော့ဈေးကွက် ၊ ရာသီဥတုကနေ သတင်းတွေအထိ သိလိုရာတွေကို Google search ထက် ChatGPT ဆီ ပိုမေးလာနေပါတယ်။ ဒါက Google အတွက် အချက်ပေးခေါင်းလောင်းသံလည်း ဖြစ်နိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က