နောက်နှစ်မှာ ထုတ်လုပ်မှု တိုးမြှင့်သွားဖို့ ရှိပါတယ်

၂၀၂၁ Q4 မှာ Samsung ကို ကျော်တက်ဖို့ အလားအလာကောင်းတွေ ရထားခါမှ iPhone ထုတ်လုပ်မှုကို Apple အနေနဲ့ ရပ်ဆိုင်းရဖို့ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ 

Nikkei Asia သတင်းမှာ Apple ဟာ ၁၀ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် iPhone ထုတ်လုပ်မှုကို ရက်ပေါင်းများစွာကြာအောင် ရပ်ထားနေရတယ်လို့ ဖော်ပြထားပါတယ်။ Supply Chain ကန့်သတ်ချက်တွေနဲ့ တရုတ်နိုင်ငံရဲ့ လျှပ်စစ်မီးပြဿနာတွေကြောင့် အခုလို ထုတ်လုပ်မှုတွေ နားထားရတဲ့ အခြေအနေဆိုက်ခဲ့တာလို့လည်း သတင်းက ဆိုပါတယ်။ 



Photo: Time


အစောပိုင်းက Apple ဟာ iPhone 13 သစ်တွေကို ဒီနှစ် နောက်ဆုံး ၃ လအတွင်း အလုံးရေသန်း ၉၀ အထိ ထုတ်လုပ်ဖို့ မျှော်မှန်းခဲ့တာ ဖြစ်ပြီး Supply Chain ပြဿနာတွေ ရှိလာတာကြောင့် ၁၀ သန်းအထိ လျှော့ထုတ်ဖို့ လုပ်ဆောင်ခဲ့တာပါ။ အခုအနေအထားအရဆို iPhone အပြင် iPad ထုတ်လုပ်မှုပါ ခဏ ရပ်ဆိုင်းလိုက်ရဖို့ ရှိတယ်လို့ ဆိုပါတယ်။ ပုံမှန်ဆို အောက်တိုဘာ ပထမပတ်ဟာ Apple supplier တွေ ဖြစ်တဲ့ Foxconn နဲ့ Pegatron တို့အတွက် ထုတ်လုပ်ရေးကို ၁ ရက် ၂၄ နာရီလုံး အလုပ်ဆင်းနေရတဲ့ ကာလလည်း ဖြစ်ပါတယ်။ 

ဒီတစ်ခေါက်မှာ Apple Supplier တွေဟာ ထုတ်လုပ်ရေးဝန်ထမ်းတွေကို အချိန်ပိုကြေးပေးခိုင်းမယ့်အစား နားရက်ပေးထားရတယ်လို့လည်း ဆိုပါတယ်။ Supply Chain မန်နေဂျာတစ်ယောက်ရဲ့ အဆိုအရ chips နဲ့ components ပစ္စည်းအဝင် အကန့်အသတ်ရှိတာကြောင့် အားလပ်ရက်တွေမှာ အချိန်ပိုဆင်းခိုင်းပြီး အပိုကြေးပေးတာ အဓိပ္ပါယ်မရှိကြောင်းနဲ့။ ဒါမျိုး အရင်ကလည်း မဖြစ်ဖူးကြောင်း ဆိုပါတယ်။ 

တရုတ်နိုင်ငံအတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပြဿနာကလည်း iPhone ထုတ်လုပ်ရေးအတွက် မြွေပူရာကင်းမှောက် ခေါင်းခြောက်စေခဲ့တဲ့ အကြောင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ခရစ္စမတ်အားလပ်ရက် လက်ဆောင်အဖြစ် iPhone သစ် ဝယ်ဖို့ ပြင်နေသူတွေအတွက် ဒီနှစ်ခရစ္စမတ်မှာ iPhone သစ် ဝယ်ဖို့ ခက်သွားနိုင်ပါတယ်။ Apple အတွက်တော့ ဒါဟာ ဘီလျံနဲ့ချီတဲ့ နစ်နာဆုံးရှုံးမှုတစ်ခုပါပဲ။ 

Share

က္က