ဈေးသင့်တင့်တဲ့ 5G mid-Range ဖုန်း

ဟောင်ကောင်ဖုန်းအမှတ်တံဆိပ် Infinix ရဲ့ Note 12 Series သစ်ထဲက Dimensity 810 SoC သုံး 5G ဖုန်းသစ်ကို အိန္ဒိယဈေးကွက်ထဲ ဖြန့်ချိလိုက်ပါတယ်။ 

Infinix Note 12 Pro 5G ကို ရိုးရိုးမော်ဒယ် Infinix Note 12 5G နဲ့အတူ ကြေညာလိုက်တာ ဖြစ်ပြီး ဒီထုတ်ကုန်နှစ်မျိုးဟာ အချက်အလက် Specs အတော်များများမှာ တူကြပါတယ်။ Pro မော်ဒယ်ကတော့ ကင်မရာနဲ့ memory ပမာဏပိုမြင့်ပါတယ်။ Infinix Note 12 ကို RAM 6GB/64GB Storage နဲ့ လာပြီး Virtual RAM 3GB ထပ် တိုးနိုင်ပါတယ်။ Pro ဗားရှင်းမှာ RAM 8GB (Virutual RAM 5GB) နဲ့ 128GB Storage ပါပြီး 2TB အထိ ထပ်တိုးနိုင်တဲ့ microSD Card Slots တစ်ခု ပါရှိပါတယ်။ 




Infinix 12 Pro 5G ဟာ ၆.၇ လက်မ FullHD+ AMOLED Display နဲ့လာပြီး Dimensity 810 SoC ၊ Android 12 အခြေခံ XOS 10.6 သုံးထားပါတယ်။ ရှေ့ဘက် 16MP Selfie ကင်မရာ ၊ ဘေးဘောင် လက်ဗွေဖတ် Scanner နဲ့ Dual Speakers တို့ ပါရှိပြီး 5G ကွန်ရက်ချိတ်ဆက်မှုစနစ် ပါရှိပါတယ်။ Infinix Note 12 စီးရီးထဲမှာ ပထမဆုံး 5G ရတဲ့ ဖုန်းတွေ ဖြစ်ပြီး ဘက်ထရီပါဝါ 5000mAh ဟာ 33W Charging Support ပေးထားပါတယ်။ 

Pro မော်ဒယ်ဟာ ကျောဘက် 108MP Main Sensor ၊ 2MP Depth နဲ့ 2MP Macro Lens သုံးထားပြီး ရိုးရိုး Note 12 5G မှာ 50MP Main Sensor ၊ 2MP Depth Lens နဲ့ AI Lens တစ်ခုတို့ ပါရှိပါတယ်။ လေးထောင့်စပ်ဘေးဘောင်ကိုယ်ထည်နဲ့ ဆွဲဆောင်မှုရှိတဲ့ Force Black ၊ Snowfall White နှစ်ရောင်နဲ့ ထွက်ထားပါတယ်။ ဈေးနှုန်းအနေနဲ့ Infinix Note 12 5G ကို ရူပီး ၁၅၀၀၀ (မြန်မာငွေ ၃ သိန်းခွဲကျော်) နဲ့ Redmi Note 12 Pro 5G ကို ရူပီး ၁၈၀၀၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က