လာမယ့်နှစ်ဆန်းပိုင်းမှာ ကြေညာသွားဖို့ရှိတဲ့ Redmi K50 Pro+ ဟာ Flagship ဖုန်းတစ်လုံးအဖြစ် မြင်ရဖို့ရှိပါတယ်။
Xiaomi ရဲ့ Sub-Brand တစ်ခုဖြစ်တဲ့ Redmi ကနေ နောက်မျိုးဆက် Redmi K50 စီးရီးကို ထုတ်လုပ်နေပြီလို့ သတင်းထွက်နေပါတယ်။ Redmi K50 Lineup မှာ Redmi K50 ၊ Redmi K50 Pro နဲ့ Redmi K50 Pro+ မော်ဒယ်သုံးခု ပါဝင်ဖို့ ရှိပြီး အမြင့်ဆုံးမော်ဒယ် Redmi K50 Pro+ ဟာ performance beast တစ်လုံးထက် ပိုတဲ့ စမတ်ဖုန်းဖြစ်လာမှာပါ။ စွမ်းဆောင်ရည်အရ မထွက်သေးတဲ့ Snapdragon 898 SoC သုံးလာမယ့် ဒီဖုန်းဟာ Top-tier အဆင့်ဝင်ဖုန်းတစ်လုံးဖြစ်ဖို့ သေချာနေပါတယ်။
Photo; Gizchina
Snapdragon 898 SoC ဟာ 4nm process ပေါ် အခြေခံထားတဲ့ chip ဖြစ်ပြီး power efficiency နဲ့ performance ပိုင်း သိသိသာသာ ပိုကောင်းလာတာ တွေ့ရမှာပါ။ Redmi K50 Pro+ ဟာ ဘက်ထရီပါဝါ 5000mAh အကြီးစားနဲ့အတူ အနည်းဆုံး 67W charging အားသွင်းစနစ်လည်း သုံးလာမယ်လို့ ဆိုပါတယ်။ ဒီဇိုင်းပိုင်းမှာ screen အလယ်ဗဟိုအပေါ်ဘက် punch-hole ကင်မရာပေါက် သုံးထားပြီး AMOLED display နဲ့ လာဖို့ ရှိပါတယ်။
display ဘောင်ကွေးထားပြီး ဖုန်းလုံခြုံရေးအတွက် မှန်ပြင်အောက် လက်ဗွေစနစ် သုံးလာနိုင်ပါတယ်။ Redmi K50 Pro+ ဟာ Flagship တန်းဝင်ကင်မရာသုံးမယ့် ဖုန်းတစ်လုံးဖြစ်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ကင်မရာ setup အနေနဲ့ periscope တယ်လီကင်မရာပါ 108MP main ကင်မရာကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရဖို့ ရှိပါတယ်။ အရင်က တန်ဖိုးသင့် Flagship Killer တန်း ဖုန်းစီးရီးအဖြစ် မြင်ရတဲ့ Redmi K series တွေဟာ ၂၀၂၂ ခုနှစ်မှာ ပရီမီယံ Flagship ဖုန်းအဖြစ် ပုံစံပြောင်းလာနိုင်ပါတယ်။