Mid-Range စမတ်ဖုန်းတစ်လုံးအတွက် Flagship အဆင့်မီ 108MP Main Camera သုံးလာခြင်းက Huawei Nova 9 SE ရဲ့ ထူးခြားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်လာတဲ့ Huawei Nova 9 SE ဟာ ကွဲပြားဆန်းသစ်တဲ့ ဖုန်းဒီဇိုင်း ၊ သပ်ရပ်ပါးလွှာတဲ့ Bezel ဘောင်တွေနဲ့ မှန်ပြင်ပြည့် Full View နေရာယူမှုအပြင် ကင်မရာပိုင်းအရပါ ထူးခြားမှုတွေ ယူဆောင်လာပါတယ်။ Huawei Nova စီးရီးတွေရဲ့ ထုံးစံတစ်ခုက စမတ်ဖုန်းဓါတ်ပုံနည်းပညာမှာ အမြဲဆန်းသစ်ဖို့ ကြိုးစားထားတာပဲ ဖြစ်ပါတယ်။ 

အရင် Nova စီးရီးတွေဖြစ်တဲ့ Huawei Nova 8i မှာ 64MP Main Sensor ၊ 8MP Ultrawide Lens ၊ 2MP Macro နဲ့ 2MP Depth Sensor ၊ ရှေ့ဘက် 16MP Selfie ကင်မရာအတွဲတွေနဲ့ ပွဲထွက်ခဲ့သလို ဒီနှစ်အစောပိုင်းမှာ ထွက်ခဲ့တဲ့ Huawei Nova 9 မှာလည်း အလင်းဖမ်းယူမှု ၄၀% ပိုကောင်းမွန်တဲ့ 50 MP Ultra-Vision ကင်မရာကိုမှ အသေးစိတ်ဆန်ပြီး ရှင်းလင်းပြတ်သားတဲ့ ဓါတ်ပုံရုပ်ထွက်တွေရအောင် Huawei ရဲ့ XD Fusion ဆော့ဖ်ဝဲလ်လိုမျိုး အမိုက်စားဓါတ်ပုံနည်းပညာတွေနဲ့ စမတ်ဖုန်းဓါတ်ပုံစနစ်ကို ဆန်းသစ်စေခဲ့တာ တွေ့ရပါတယ်။ 

ဒီနှစ် Huawei Nova 9 SE ကတော့ မျိုးဆက်သစ် Nova စီးရီးပီပီ ထုတ်ကုန်ပိုင်း ဆန်းသစ်မှုတွေ လုပ်လာခဲ့ပြီး ဒီထဲမှာ အထူးခြားဆုံး feature တစ်ခုက 108MP High-Res Quad ကင်မရာစနစ်ကို သုံးလာတာပဲ ဖြစ်ပါတယ်။ ဒါက Huawei ဖုန်းတွေထဲမှာ ပထမဆုံး 108MP ကင်မရာ ပါလာတာ ဖြစ်ပြီး 1/1.52" အကြီးစားကင်မရာ sensor ကြောင့် အလင်းဖမ်းယူမှု မြင့်ပြီး တမူထူးခြားတဲ့ ရုပ်ထွက်ကြည်လင်ပြတ်သားမှု အားသာချက်ကို ခံစားရမှာပါ။ 

Huawei Nova 9 SE သုံးပြီး High-Res Mode နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကို 3x Zoom ဆွဲကြည့်ရာမှာ ပုံ Pixel ဗြုပ်ထတာမျိုး မရှိဘဲ ရုပ်ထွက်ကြည်ကြည်လင်လင်နဲ့ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အလင်းအားနည်းပြီး မှောင်နေတဲ့ ပတ်ဝန်းကျင်မျိုးမှာလည်း Huawei Nova 9 SE ကင်မရာဟာ အလင်းနဲ့တောက်ပမှုကို မြှင့်ပြီး ရုပ်ထွက်မပြတ်သားမှုကို ‌လျှော့ချနိုင်မှာပါ။ 

ကျောဘက် Quad-Camera Setup ဖြစ်တဲ့ 108MP Main Sensor ၊ 8MP Ultrawide Sensor ၊ 2MP Macro Lens နဲ့ 2MP Depth Sensor တို့ဟာ အဆင့်မြင့်ဓါတ်ပုံရိုက်ကူးရေးနည်းပညာနဲ့ ပေါင်းစပ်ထားတာကြောင့် အကြည်လင်ဆုံးနဲ့ အနုစိတ်ဆုံးကင်ရာရိုက်ချက်တွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းနဲ့အတူ ပါလာတဲ့ Stock ကင်မရာ App ထဲမှာ Night ၊ Super Macro ၊ Dual-View နဲ့ High-Res စတဲ့ အမိုက်စားကင်မရာ modes လေးတွေ သုံးထားလို့ စိတ်ကြိုက် mode နဲ့ ဓါတ်ဖမ်းနိုင်မှာ ဖြစ်ပါတယ်။ 

ရှေ့ punch-hole ကင်မရာပေါက်ထဲမှာ 16MP Selfie ကင်မရာ သုံးထားပြီး မှောင်နေချိန် Selfie ဆွဲမှုတွေကို အကောင်းဆုံးရုပ်ထွက်ရအောင် Super Night Shot လုပ်ဆောင်ချက် ထည့်ပေးထားပါတယ်။ ဒီ feature က လူရဲ့ မျက်နှာတွေကို တိတိကျကျ ဖမ်းယူသိရှိနိုင်ပြီး Noise စစ်ထုတ်ရင်းနဲ့ နောက်ခံဘက်ဂရောင်းကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ပေးတာပါ။ AI Recognition Shutter နည်းပညာလည်း ပါလို့ ကင်မရာ Shutter ကို စမတ်ထိန်းညှိစနစ်နဲ့ တိကျပြတ်သားတဲ့ဓါတ်ပုံတွေ ဖမ်းယူနိုင်အောင် အထောက်အပံ့ပေးထားပါတယ်။ 

Huawei Nova 9 SE ဟာ ကင်မရာပိုင်းအပြင် ဒီဇိုင်းနဲ့ Performance ပိုင်းအရလည်း စိတ်ကျေနပ်စရာကောင်းတဲ့ ဖုန်းတစ်လုံးလို့ ပြောရမှာပါ။ ရှေ့နောက် Glass Body နဲ့လာပြီး ကျစ်လျစ်တဲ့ ဘော်ဒီအချိုးကြောင့် လက်ထဲမှာ အဆင်ပြေပြေ ကိုင်တွယ်အသုံးပြုနိုင်မှာပါ။ Screen Size ၆.၇၈ လက်မ ခပ်ကြီးကြီးမျက်နှာပြင်ဟာ FullHD+ ရုပ်ထွက်ပါရှိပြီး 90Hz Refresh Rata ကြောင့် Multimedia ဖျော်ဖြေရေးခံစားမှုကို ကောင်းကောင်းကြီး ရသပေးနိုင်ပါတယ်။ Qualcomm ထုတ် 6nm Snapdragon 680 Processor ၊ Adreno 610 GPU တို့နဲ့ မောင်းနှင်ထားပြီး RAM 8/128GB Storage တွဲစပ်မှုကလည်း မှုစရာမလိုတဲ့ Memory အတွဲအဖက်လို့ ပြောနိုင်ပါတယ်။ 

ဖုန်းအတွင်းခန်းတွေ အပူစွန့်ထုတ်မှုအတွက် Graphene နဲ့ အပူကာပေးထားတာကြောင့် Heavy Apps တွေ သုံးရာမှာပဲ ဖြစ်ဖြစ် ဗွီဒီယိုဂိမ်းတွေ အကြာကြီးဆော့ရင်ပဲ ဖြစ်ဖြစ် ဖုန်း Heat မတက်ဘဲ သာသာယာယာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါ 4000mAh နဲ့အတူ 66W SuperCharge အမြန်အားသွင်းစနစ် အထောက်အပံ့ပေးထားတာကြောင့်င့် ဖုန်းအားသွင်းဖို့ အချိန်သိပ်ပေးစရာ လိုတော့မှာ မဟုတ်ပါဘူး။ 

ဆော့ဖ်ဝဲလ်ပိုင်းမှာ နောက်ဆုံးပေါ် EMUI 12 နဲ့လာပြီး Huawei ရဲ့ ကိုယ်ပိုင် Huawei Mobile Service (HMS) နဲ့ Huawei AppGallery တို့ ပါဝင်ပါတယ်။ ပြည်တွင်းဈေးကွက်မှာ Huawei Nova 9 SE ကို လူငယ်ဆန်ပြီး ဆန်းသစ်တဲ့ Midnight Black ၊ Pearl White နဲ့ Crystal Blue ဆိုပြီး ကာလာ ၃ ရောင်နဲ့ လာပါတယ်။ 8/128GB Storage ဗားရှင်းကို ကျပ် ၅၉၉,၀၀၀ ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး Pre-order မှာယူသူတွေအတွက် Huawei Band 4 ကိုလည်း လက်ဆောင်ထည့်ပေးသွားမယ်လို့ သိရပါတယ်။ 

Citizen Pay ကနေ pre-order တင်မယ်ဆိုရင် Cash Back ၄၀,၀၀၀ ကျပ် ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ Huawei Official Facebook Page မှာ ကြည့်လို့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က