မြန်မာငွေ ၂၅ သိန်းအထိ ‌ရှိမှာပါ

Samsung Galaxy မိသားစုဝင် အသစ်လို့ ပြောရမယ့် Ultra ဗားရှင်းဟာ ကင်မရာပိုင်းမှာ ပိုပြီး အထာကျလာပါတယ်။

Samsung ဟာ Galaxy S series သစ်အဖြစ် Galaxy S20 နဲ့ S20+ အပြင် Galaxy S20 Ultra ဆိုပြီး ဗားရှင်းသစ်ပါ မိတ်ဆက်ခဲ့တာပါ။ မျက်နှာပြင် ၆.၉ လက်မ 1440p resolution ရှိတဲ့ ဒီဖုန်းဟာ Metal fram ကိုမှ ရှေ့နဲ့နောက်panel တွေကို Gorilla Glass 6 သုံးပြီး တည်ဆောက်ထားတာပါ။

အန်းဒရိုက်ဖုန်း display တွေထဲမှာ အမြင့်ဆုံး refresh rate ဖြစ်တဲ့ 120Hz refresh rate နဲ့ လာပြီး touch sensing rate မှာလည်း Galaxy S20 မော်ဒယ်နှစ်မျိုးလိုပဲ 240Hz ပါရှိပါတယ်။ HDR10+ certified ရထားတဲ့ Dynamic AMOLED panel ရဲ့ အောက်မှာတော့ ultrasonic fingerprint တစ်ခု သုံးထားပါတယ်။




Galaxy S20 Ultra မှာ အထူးခြားဆုံးက ကင်မရာတွေ ဖြစ်ပါတယ်။ main ကင်မရာအဖြစ် ကျောဘက်စတုရန်းကွက် ကင်မရာ setup ထဲ တပ်ဆင်ထားတာကတော့ 108MP sensor ဖြစ်ပြီး 9-in-1 pixel binning စနစ်နဲ့ဆိုရင် 2.4µm pixel နဲ့ ညီမျှတဲ့ 12MP ပုံတွေ ဖမ်းယူနိုင်မယ်လို့ ဆိုပါတယ်။

low-light ဓါတ်ပုံစနစ်အတွက် benchmark သစ်ဖြစ်စေမယ့် ကင်မရာ sensor ဖြစ်သလို ရိုက်ကူးတဲ့ ပုံရိပ်တွေအကြည်လင်ဆုံး ဖြစ်စေဖို့ Optical Image Stabilization (OIS) တစ်ခုပါ သုံးထားပါတယ်။8K video ရိုက်ကူးနိုင်ပြီး Super Steady 2.0 စနစ်ကြောင့် ပရော်ဖက်ရှင်နယ်အဆင့် ဖလင်ရိုက်ကူးမှုပါ လုပ်ဆောင်နိုင်မှာပါ။

Galaxy S20 Ultra ဟာ Samsung ရဲ့ ပထမဆုံး periscope lens သုံးထားတဲ့ 48MP telephoto ကင်မရာ ပါရှိပါတယ်။ ဒီကင်မရာဟာ 10x hybrid optical zoom နဲ့ 100x Super Resolution Zoom အထိ ဖမ်းယူနိုင်တဲ့ ကင်မရာ ဖြစ်တယ်လို့ Samsung က အာမခံထားပါတယ်။ ဒီပယ်ရီစကုပ်ကင်မရာမှာလည်း OIS ရုပ်ငြိမ်စနစ် ထည့်ထားလို့ အဝေးဆွဲရိုက်ချက်တွေ ငြိမ်ဖို့ စိတ်ချရမှာပါ။

နောက်ထပ် ကင်မရာနဲ့ sensor တွေကတော့ 12MP ultra wide ကင်မရာနဲ့ portrait ရိုက်ချက်တွေအတွက် အထူးထည့်ပေးထားတဲ့ DepthVision sensor များ ပါရှိပါတယ်။ ဒီဖုန်းရဲ့ ကင်မရာစနစ်တွေထဲမှာ ကင်မရာအားလုံး တစ်ပြိုင်တည်းသုံးပြီး ဓါတ်ပုံတွေ ရိုက်ထားရာကနေ AI နဲ့ အကောင်းဆုံး ဓါတ်ပုံကို ဆွဲထုတ်ပေးမယ့် Single Take လို feature လည်း ထည့်ထားပါတယ်။

ဆယ်လ်ဖီကင်မရာကတော့ Galaxy S20 line up တွေထဲမှာ အကြီးဆုံးပါပဲ။ Galaxy S20 Ultra ဟာ 40MP အကြီးစား ကင်မရာ sensor ဖြစ်ပြီး 1.4µm pixels ထွက်တဲ့ 4-in-1 pixel binning နဲ့ 10MP ပုံတွေ ထုတ်နိုင်မှာပါ။ 40MP selfie ကင်မရာဆိုတာ စမတ်ဖုန်းဆယ်လ်ဖီကင်မရာတွေထဲမှာ resolutionအမြင့်ဆုံး selfie ကင်မရာလည်း ဖြစ်ပါတယ်။

Photo: Samsung


Galaxy S20 Ultra ဟာ ဘက်ထရီပါဝါကိုလည်း 5000 mAh အကြီးစား သုံးထားပြီး Galaxy S20 စီးရီးတွေထဲမှာ ဘက်ထရီပါဝါအကြီးဆုံး ဖုန်းပါ။ 45W fast charging စနစ် ပံ့ပိုးထားပြီး wireless charging ကတော့ 15W ဖြစ်ပါတယ်။memory အတွဲအစပ်မှာလည်း Ultra ဗားရှင်းဟာ Galaxy S20 စီးရီးသစ်တွေထဲမှာ အများဆုံး မော်ဒယ်ပါ။

RAM 12GB/128GB storage အနိမ့်ဗားရှင်းကနေ အမြင့်ဆုံး RAM 16GB/512GB storage အထိ ထွက်ထားပြီး microSD ကနေ 1TB အထိ ထပ်တိုးနိုင်မယ်လို့ ဆိုပါတယ်။ Galaxy S20 Ultra ဟာ 4G နဲ့ 5G ဗားရှင်း နှစ်မျိုးနဲ့ လာပြီး Cosmic Black နဲ့ Cosmic Gray နှစ်ရောင်နဲ့ ထွက်ထားပါတယ်။

128GB ဗားရှင်းဟာ ဒေါ်လာ ၁၄၀၀ (မြန်မာငွေသိန်း ၂၀ ကျော်) ၊ 512GB ဗားရှင်းကို ယူရို ၁၅၅၀ (မြန်မာငွေ ၂၄ သိန်းခွဲ) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က