ညကပွဲမှာ အဝါကတ်ထိသွားခဲ့လို့ပါ။

ပေါ်တူဂီအသင်းခေါင်းဆောင်နဲ့ တိုက်စစ်မှူးရော်နယ်ဒိုကတော့ ညက ကစားခဲ့တဲ့ စလိုဗက်ကီးယားနဲ့ပွဲမှာ အဝါကတ်ထိသွားခဲ့တာကြောင့် လူဇင်ဘတ်နဲ့ ကစားရမယ့်ပွဲကို လွဲချော်ပြိဖြစ်ပါတယ်။ ဒီပွဲမှာ ပေါ်တူဂီတို့ ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ရော်နယ်ဒို ဂိုးမရခဲ့ဘဲ အခွင့်အရေးတချို့ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ 



အဝါထိသွားလို့ နောက်ပွဲကို အလိုအလျောက်ပယ်ခံရတာဖြစ်ပြီး သူ့အတွက်တော့ ဒါက နစ်နာပါတယ်။ လူဇင်ဘတ်ဟာ ရော်နယ်ဒိုရဲ့ ကစားသမားဘ၀မှာ ၁၁ ကြိမ်အထိ တွေ့ဆုံဖူးတဲ့အသင်းဖြစ်ပြီး ၁၁ ဂိုးအထိ သူက သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် သေချာပေါက်ဂိုးရမယ့်ပွဲကို သူ လွဲချော်ခဲ့တာပါ။

ရော်နယ်ဒိုက နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားဖြစ်ပြီး သူ့ကို လိုက်မမီအောင် သွင်းဂိုးအရေအတွက်တွေ ပိုမိုရယူထားနိုင်လေ ကောင်းလေဖြစ်နေတဲ့ အနေအထားမှာ ဒီလိုပွဲမျိုးကို လွဲချော်ရတာက နစ်နာမှုတခုလို့လည်း ပြောလို့ရပါတယ်။ 

အယ်လ်နာဆာအတွက်တော့ ဒါက သတင်းကောင်းပါ။ သူတို့ရဲ့ အားထားရတဲ့ တိုက်စစ်မှူးက အင်ပြည့်အားပြည့်နဲ့ အသင်းဆီ ပြန်လာနိုင်မှာဖြစ်တာကြောင့်ပါ။ နိုင်ငံပွဲတွေ သွားကစားပေးပြီး ဒဏ်ရာမရလာတဲ့အပြင် ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်ရောက်လာမှာမို့ လိဂ်ပွဲတွေအတွက် ကောင်းကောင်းအသုံးပြုနိုင်တော့မှာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က