ဒေါ်လာ ၄၅၀ ဝန်းကျင်ဈေးက စတင်သွားမယ့် Redmi ရဲ့ ထိပ်တန်း Flagship ဖုန်းသစ်

ဒေါ်လာ ၄၅၀ ဝန်းကျင်ဈေးက စတင်သွားမယ့် Redmi ရဲ့ ထိပ်တန်း Flagship ဖုန်းသစ်ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်သွားပြီ ဖြစ်ပါတယ်။ 

Redmi K50 Ultra သစ်ဟာ Xiaomi 12/12S Lineup ဒီဇိုင်း နဲ့ ဆင်ပြီး 12-bit 120Hz Display ၊ 120W Charging နဲ့ လာပြီး RAM 12GB/512GB Storage ပါတဲ့ Champion Edition သစ်လည်း ထွက်ထားပါတယ်။ Display ကိုတော့ တရုတ် Supplier တွေ ဖြစ်တဲ့ TCL CSOT နဲ့ Tianma တို့ ထုတ်လုပ်ပေးထားတဲ့ 12-bit OLED Display နဲ့လာပြီး မှန်ပြင်အလယ်အပေါ်ပေါက် punch-hole ဒီဇိုင်းကို သုံးထားပါတယ်။ 




၆.၇ လက်မဆိုဒ်အရွယ် ရှိတဲ့ ဒီ Panel ဟာ မှန်ပြင်ရုပ်ထွက် 2712 x 1220p ရှိပြီး 120Hz Refresh Rate နဲ့ 1920 PWM dimming တို့ ပံ့ပိုးထားပါတယ်။ Screen ဟာ Dolby Vision ရုပ်ထွက် ၊ DCI - P3 color gamut ၊ HDR10+ နဲ့ Adaptive HDR နည်းပညာတို့လည်း Support ပေးထားပါတယ်။ SGS low fatigue ထောက်ခံချက်ရ display ရထားတာကြောင့် Blue Light Mode ကို Hardware အဆင့်လျှော့ချနိုင်စွမ်းလည်း ပါဝင်ပါတယ်။ 

Flagship ဖုန်းဖြစ်တဲ့အတိုင်း Redmi K50 Ultra ဟာ Qualcomm Snapdragon 8 Plus Gen 1 Chispet နဲ့ မောင်းနှင်ထားပြီး LPDDR5 RAM ၊ UFS 3.1 Storage စနစ် နဲ့ VC Liquid Cooling နည်းပညာတွေ ထည့်သွင်းထားပါတယ်။ တခြား Features တွေအနေနဲ့ Dual SIM ၊ WiFi 6 ၊ Dual-Band GNSS ၊ NFC ၊ IP53 Rating ၊ Dolby Atmos အထောက်အပံ့ပါ Dual Stereo စပီကာ ၊ x-axis linear vibration motor နဲ့ မှန်ပြင်အောက် လက်ဗွေနည်းပညာတို့လည်း ပါဝင်ပါတယ်။ 

ကျောဘက် သုံးလုံးတွဲကင်မရာအိမ်ထဲမှာ OIS ရုပ်ငြိမ်စနစ်ပါ 108MP Samsung ISOCELL HM6 Primary Sensor ၊ 8MP ultra-wide lens နဲ့ 2MP macro Sensor တို့ ပါရှိပါတယ်။ ရှေ့ဘက် Punch-Hole ပေါက်ထဲမှာ 20MP Selfie ကင်မရာ တပ်ဆင်ထားပါတယ်။ ဘက်ထရီပါဝါ 5000mAh ဟာ ဒီနေ့ခေတ်ရဲ့ အမြန်ဆုံး စမတ်ဖုန်းအားသွင်းနည်းပညာတွေထဲက တစ်ခုဖြစ်တဲ့ 120W Fast Wired Charging နည်းပညာ ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ 



အနက် ၊ အပြာ နဲ့ ငွေရောင် ၃ မျိုးနဲ့ ထွက်ထားပြီး တရုတ်ဈေးကွက်မှာ 8/128GB ဗားရှင်းကို ယွမ် ၃၀၀၀ (မြန်မာငွေ ၁၂ သိန်းကျော်) ၊ 8/256GB ဗားရှင်းကို ယွမ် ၃၃၀၀ (မြန်မာငွေ ၁၃ သိန်းခွဲခန့်) ၊ 12/256GB ဗားရှင်းကို ယွမ် ၃၆၀၀ (မြန်မာငွေ ၁၄ သိန်းခွဲခန့်) နဲ့ 12/512GB ဗားရှင်းကို ယွမ် ၄၀၀၀ (မြန်မာငွေ ၁၆ သိန်းကျော်) ဈေးတွေ သတ်မှတ်ထားပါတယ်။ Mercedes-AMG Petronas F1 Team ရဲ့ Theme ပုံစံနဲ့လာတဲ့ 12/512GB ဗားရှင်း Champion Edition ကို ယွမ် ၄၂၀၀ (မြန်မာငွေ ၁၇ သိန်းနီးပါး) ဈေးနဲ့ ရောင်းချသွားမှာပါ။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က